4 w - Translate

OpenAI ကျေးဇူးနဲ့ AI Video တွေမှာ ကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင်နိုင်တော့မယ်
ChatGPT ရဲ့ မိခင် Company ဖြစ်တဲ့ OpenAI က Sora App ကိုထုတ်ပြလိုက်တယ်
ပထမဆုံး Sora2 Model နဲ့တင် AI Video လောက တစ်ဆစ်ချိုးပြောင်းလဲ ပြန်ပြီလို့ မြင်မိပါတယ်
Sora App မှာပါလာတာကတော့ Sora2 Model ပါ
ဒီ App မှာသုံးနိုင်တဲ့သူ့ရဲ့ Concept ကတော့ ရှင်းတယ် AI Video တွေမှာ ကိုယ့်ရဲ့ မျက်နှာကိုသုံးနိုင်မယ့်အချက်ပဲ
“Cast လုပ်နိုင်မယ်ပေါ့”
တစ်ခုတော့ရှိတယ် ကိုယ့်ရဲ့ Facial Data တွေ သူ့ကိုတော့ ပေးရမယ်ပေါ့ဗျာ ဘာလို့ဆို ကိုယ့်မျက်နှာကိုသုံးနိုင်ဖို့ Video Upload တစ်ခု အရင်လုပ်ပေးရတယ်
Ok ဘာထူးခြားသေးလဲဆိုရင်တော့ Cameo ပါလာတာပဲ နာမည်ကြီး Public Figure တွေကတော့ သူတို့ဘက်က ခွင့်ပြုမယ်ဆိုရင် ကိုယ်က Cameo အနေနဲ့ Video ထဲခေါ်သုံးလို့ရမယ်ပေါ့
Video Platform တစ်ခု ဖြစ်တာမလို့ Follow ထားတဲ့သူအချင်းချင်းလဲ ခွင့်ပြုမယ်ဆိုရင် Cameo ခေါ်သုံးလို့ရမယ်ပြောတယ်
အခုကတော့ ဒီ App က Invite Only ပဲရှိသေးပြီးတော့ US & Canada မှာပဲသုံးလို့ရမယ်လို့ပြောတယ်
နောက်တစ်ခုကောင်းတာက သူက Social Media App လိုပါပဲ ကိုယ်ဖန်တီးထားတဲ့ AI Video တွေကို News Feed မှာပြန် Share လို့လဲရပါသေးတယ် တစ်ခုပါပဲ Video တွေက အစစ်အမှန်မဟုတ်တဲ့ AI Generated တွေဖြစ်နေမှာပါ

image