၂၀၀၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တုန်းက စတီဗင်ဟော့ကင်း (Stephen Hawking) ဟာ ကိန်းဘရစ်ချ်တက္ကသိုလ် Gonville and Caius College မှာရှိတဲ့ သူရဲ့ရုံးခန်းထဲမှာ အချိန်ခရီးသွားတွေအတွက် ပါတီပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်
ဒီပါတီပွဲကို တကယ့်အစစ်အမှန်ပါတီပွဲတစ်ခုလို ကျင်းပခဲ့ပြီး ပွဲအတွင်းမှာ ခုံအလွတ်တွေ၊ မိုးပျံပူဖောင်းတွေ၊ ခန်းမအလှဆင်မှုတွေ၊ အဖျော်ယမကာတွေ နဲ့ ဧည့်ခံဖို့ အသင့်ပြင်ဆင်ထားတဲ့ မုန့်တွေပါဝင်ခဲ့ပါတယ်
ဒီပါတီပွဲရဲ့ထူးခြားတဲ့ အချက်ကတော့ ပါတီပွဲကျင်းပပြီးမှ ဖိတ်စာတွေကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ပါတီကို ကျင်းပပြီးစီးသွားတဲ့နောက်မှသာဖိတ်စာတွေကို အများပြည်သူသိအောင် အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ် ဖိတ်စာမှာ ပါတီပွဲကျင်းပမဲ့ နေ့ရက်၊ အချိန်၊ နေရာတို့ကို အတိအကျ ဖော်ပြထားပါတယ်
ဘာကြောင့်ဒီလိုလုပ်တာလဲဆိုရင် အနာဂတ်မှ အချိန်ခရီးသွားတစ်ဦးဟာ အတိတ်ကို ပြန်လာနိုင်မယ်ဆိုရင် သူတို့ဟာ ပါတီပွဲပြီးသွားမှ ပို့လိုက်တဲ့ ဒီဖိတ်စာကို အနာဂတ်မှာ တွေ့ပြီး ပါတီပွဲကျင်းပတဲ့ အချိန်အတိအကျကို သိရှိလာမယ် အဲ့ဒီအခါ သူတို့ဟာ အချိန်ခရီးသွားနဲ့ ပြန်လာပြီး ပါတီပွဲကို လာရောက်နိုင်မယ်ဆိုတဲ့ ရိုးရှင်းတဲ့ ယုတ္တိဗေဒနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်
ဒါပေမဲ့လည်း ဟော့ကင်း ရဲ့ပါတီပွဲကို အနာဂတ်က ဘယ်အချိန်ခရီးသွားတစ်ဦးမှ လာရောက်ခဲ့ခြင်း မရှိပါဘူး ဒီစမ်းသပ်မှုဟာ အချိန်ခရီးသွားခြင်းဟာ မဖြစ်နိုင်တဲ့ အယူအဆတစ်ခုဖြစ်ကြောင်းပြသခဲ့တဲ့ အထောက်အထားတစ်ခုအဖြစ် ဟော့ကင်းက မှတ်ယူခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts