ဆိတ်သားကင်
ဆိတ်သားကို သံတံစို့ဖြင့် သီပြီ ကင်ခြင်းသည် ရှေးအကျဆုံး ကင်နည်းတမျိုးပါပဲ။ ဒါပေမယ့် နာရီကြာကြာနှပ်ပြီ ကင်တဲ့ ဆိတ်သားအရသာက ချိုစိမ့်ပြီ မွှေးနေပါတယ်။ ထု့ိပြင် ကြက်သွန်နီ၊ ငရုတ်ပွစိမ်း အရသာများ၏ လတ်ဆတ်တဲ့ အရသာသစ်တမျိုးကိုပါ ပေါင်းစပ် ရရှိမှာပါ။ အရောင်စုံမို့ မြင်ရုံနဲ့ စားချင်စဖွယ်ကောင်းသော ဆိတ်သားကင်လေးကို လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
ဆိတ်သား [mutton] ♦ ၁၅ကျပ်သား (၁လက်မအရွယ် အတုံးလတ်များ တုံးပေးပါ)
ကြက်သွန်နီ [onion] ♦ ၂လုံး (၄စိပ်စိပ်ထားပါ)
ငရုတ်ပွစိမ်း [green pepper] ♦ ၂ခု (အစေ့ထုတ် ၈စိပ်စိပ်ထားပါ)
ခရမ်းချဉ်သီး [tomato] ♦ ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ထားပါ)
ဆိတ်သား နှပ်ထားရန်ပါဝင်ပစ္စည်းများ [Marinate Ingredients]
လီမွန်ရည် [lemon juice] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှန်ု့ [black pepper]♦ လက်ဖက်ရည်ဇွန်း တဝက်
ကြက်သွန်နီ [onion] ♦ ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ [garlic] ♦ ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
သံလွင်ဆီ [olive oil] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ကလဝေရွက် [bay leave] ♦၂ရွက်
ဆိတ်သားကင်ပေါ်မှ သုတ်ရန်ဆော့ရည် [Sauce Recipe]
ထောပတ် [butter] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
လီမွန်ရည် [lemon juice] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
ကင်နည်း [Grill Recipe]
၁။ အရင်ဆုံး ဆိတ်သားများကို နှပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (လီမွန်ရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ ကလဝေရွက်)တို့ဖြင့် သမအောင် နုယ်ထားလိုက်ပါ။
၂။ ပြီလျှင် ရေခဲသေတ္တာထဲတွင် ထည့်ပြီ အနည်းဆုံး ၄နာရီခန့် နှပ်ထားပေးပါ။
၃။ (ငရုတ်ပွစိမ်း၊ ခရမ်းချဉ်သီး၊ ဆိတ်သား၊ ကြက်သွန်နီ )များကို သံတံစို့များဖြင့် ပုံတွင် ပါသည့်အတိုင်း ရောင်စုံလေးများ သီထားပေးပါ။
၄။ ပြီနောက် ဆိတ်သားကင်ပေါ်မှ သုတ်ရန်ဆော့ရည်အတွက် (ထောပတ်၊ လီမွန်ရည်) တို့ကို ခွက်တစ်ခုထဲ ရောမွှေလိုက်ပါ။
၅။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၆။ ဆိတ်သားကင်ကို ကင်နေစဉ် အပေါ်မှ ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၃မိနစ်ခန့် ၁၂မိနစ်ခန့် မီးအသင့်တင့်ဖြင့်ကင်ပေးပါ။
ရ။ ဆိတ်သားကင်ရပြီဆိုလျှင် အရသာရှိစွာ စားသုံးနိုင်ပါပြီ…
Tips: ကင်သည့် သံတံစို့သည် အလုံးထက် အပြားက ပိုကင်လို့ ကျယ်ပြန့်ပြီ ပိုမိုကောင်းမွန်သည်။