အက်ဆစ်တင်ယာဥ် အရှိန်လွန်တိမ်းမှောက်ပြီး အက်ဆစ်ရည်ဖိတ်စင်ရာမှ လမ်းသွားလမ်းလာများ အက်ဆစ်လောင်ကျွမ်း ဒဏ်ရာရ

အောက်တိုဘာ ၃

အက်ဆစ်တင်ယာဥ် အရှိန်လွန်တိမ်းမှောက်ပြီး အက်ဆစ်ရည်စင်လို့ လမ်းသွားလမ်းလာတွေ လောင်ကျွမ်းပေါက်ပြဲ ဒဏ်ရာရတဲ့ဖြစ်စဉ် အောက်တိုဘာ၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ သန်လျင်တံတားသစ်အဆင်း မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အက်ဆစ်တင်လာတဲ့ယာဉ်က ကော်ပုံးဖြူတွေထည့်လာတာဖြစ်ပြီး အကွေ့ရှိတဲ့ လမ်းပေါ် အရှိန်လွန်ကာ သူတစ်စီးတည်း တိမ်းမှောက်တာလို့လည်း သိရပါတယ်။ တိမ်းမှောက်မှုကြောင့် အက်ဆစ်ရည်တွေ လမ်းပေါ်အိုင်ကျနေတာကို တခြားကားတွေက အရှိန်နဲ့ ဖြတ်မောင်းတာကြောင့် လမ်း‌ကူးလာသူ မိန်းကလေးတွေ အက်ဆစ်ရည်စင်တာနဲ့ တိမ်း‌မှောက်တဲ့ယာဉ်က လွင့်စင်လာတဲ့ အရည်နဲ့ ပုံးချို့ကလည်း တခြားကားက ကလေးငယ်အပါအဝင် လူသုံးဦးခန့်လည်း အက်ဆစ် အနည်းငယ်စင်တာမျိုး ဖြစ်ခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

အသင်း တာဝန်ရှိသူက ” ‌မိန်းကလေးတွေကတိုင်းရင်းသားကျေးရွာထဲကနေ ထွက်လာတာ။ကျွန်တော်တို့လည်း ကားပြန်ထောင်တာ၊ လမ်းရှင်းတာတွေ လုပ်ဖို့ လမ်းကို တားထားတာကိုမှ ဆန့်ကျင်ဘက် လမ်းကြောကနေ ကားတစ်စီးက ဖြတ်တက်သွားတာ လမ်းကူးသူတွေကို စင်ကုန်ရော။ ခြေထောက်ပဲ ဆိုပေမယ့် လောင်ကျွမ်းမှု များတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းနဲ့ လမ်းသွားရင်း အက်ဆစ်ရည် စင်သူ အမျိုးသား အမျိုးသမီး သုံးဦးတို့ကို လူမှုကူညီရေး အသင်းမှ လူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။


Credit - Myanmar Transparency News Agency

#centralnewsnaypyitaw