4 ပတ် - ဘာသာပြန်ပါ။

ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်လာတဲ့ ဂလပ်စ်နာရဲ့ အမြင့်ပျံ လင်းယုန်

အောက်တိုဘာ ၃

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ခရစ္စတယ်ပဲလေ့စ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရုန်းကန်နေခဲ့ရတဲ့ အသင်းမျှသာ ဖြစ်ပါတယ်။ နိုင်ပွဲ တစ်ပွဲတောင်မရလို့ စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်ခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ သူတို့ဟာ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ ဖြစ်နေပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ ကလပ်ရဲ့ ရှည်လျားလှတဲ့ သက်တမ်း ၁၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ်ကိုပါ ပိုင်ဆိုင်လာပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ မနေ့ညတုန်းက ကွန်ဖရင့်လိဂ်တွင် ဒိုင်နမိုကိဗ်ကို အနိုင်ယူပြီး ပထမဆုံး ဥရောပအဝေးကွင်းနိုင်ပွဲ ရရှိတဲ့ အမှတ်တရပွဲမှာဘဲ စံချိန်သစ် ရေးထိုးလာတာ ဖြစ်ပါတယ်။

အိုလီဗာဂလပ်စ်နာရဲ့ အမြင့်ပျံလင်းယုန်ဟာ ၁၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၆ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေဖြင့် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ဟာ လီဗာပူးရဲ့ ရာသီအစ ရာနှုန်းပြည့် နိုင်ပွဲဆက်မှုကို ပူပူနွေးနွေး အဆုံးသတ်ထားပါတယ်။

ခရစ္စတယ်ပဲလေ့စ်တို့ နောက်ဆုံးအကြမ် ရှုံးပွဲ ကြုံခဲ့တာ ဧပြီလ ၁၆ ရက်နေ့တုန်းက နယူးကာဆယ်ကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် အဲဒီရှုံးပွဲအပြီးမှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ရုန်းထလာခဲ့လိုက်တာ ဒိုင်နမိုကိဗ်နဲ့ပွဲမှာတော့ ကလပ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ၁၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂလပ်စ်နာရဲ့ ပဲလေ့စ်ဟာ စနေနေ့တုန်းက လီဗာပူးကို အနိုင်ယူပြီးတဲ့နောက် ၁၉၆၉ ခုနှစ်တုန်းက ဘတ်ဟက်လက်ထက်တုန်းက ၁၈ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။ ဘတ်ဟက်လက်ထက်တုန်းက ပဲလေ့စ်ဟာ ၁၉၆၉ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ရှုံးပွဲမရှိခဲ့တာပါ။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

imageimage