အဓိပ္ပယ်တူပီး အမြဲလိုလိုမှားသုံးမိလေ့ English စကားလုံးတွေအများကြီးရှိပါတယ် ။ အဲ့အထဲမှာမှ ကျွန်တော်အခုပြောပြချင်တာလေးကတော့ Lend နဲ့ Borrow ပါပဲ။ မြန်မာလို "ငှားတယ်" ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ အဆင်ပြေပေမယ့်၊ English မှာတော့ သင်က ပစ္စည်းကို ပေးတဲ့သူ လား၊ ယူတဲ့သူ လားဆိုတဲ့ အပေါ်မူတည်ပြီး ဒီစကားလုံးနှစ်ခုကို ခွဲသုံးရပါတယ်။
*Lend*
Lend ဆိုတဲ့ စကားလုံးက ကိုယ့်ဆီကနေ တစ်ယောက်ယောက်က ငှားတဲ့အခါမျိုးမှာ သင့်လက်ထဲက ပစ္စည်းကို တခြားတစ်ယောက်ဆီ ခဏတာ ထွက်သွားခွင့်ပြုလိုက်တဲ့ လုပ်ဆောင်ချက်အတွက် Lend ကို သုံးပါတယ်။
ဉပမာအနေနဲ့ ကိုယ့်ဆီက တစ်ခုခုပေးလိုက်ရတဲ့ (To Give) အခြေအနေမျိုးမှာသုံးပါတယ်။
*Borrow*
Borrow ကတော့ Lend နဲ့ဆန့်ကျင်ဖက် အခြေအနေမျိုးတွင် အသုံးများပါတယ်။သင်က ပစ္စည်းတစ်ခုကို လိုအပ်နေတဲ့သူ၊ ယာယီယူသုံးချင်တဲ့သူပါ။ တခြားတစ်ယောက်ဆီက ပစ္စည်းကို ကိုယ့်ဆီအရောက် ယူဆောင်လာတဲ့ လုပ်ဆောင်ချက်အတွက် Borrow ကို သုံးပါတယ်။
ဉပမာအနေနဲ့ ကိုကသူများဆီက တစ်ခုခု ချေးငှားယူလိုက်တဲ့ (To Take) အခြေအနေမျိုးတွင်သုံးကြပါတယ်။
ဒီနှစ်ခုကို ဘယ်တော့မှ မမှားတော့မယ့် အလွယ်ဆုံးနည်းလမ်းကတော့ လုပ်ဆောင်ချက်ရဲ့ ဦးတည်ရာကို ကြည့်တာပါပဲ။
ပစ္စည်းက ကိုယ့်ဆီက ထွက်သွားရင် Lend ကိုသုံးပီး ပစ္စည်းက ကိုယ့်ဆီကို ရောက်လာရင် Borrow ကိုသုံးပါတယ်။