4 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်ပြင်ပ ဒေါ်လာဈေး ကျပ် ၄၀၀၀ အောက် ကျဆင်းလာ

ရန်ကုန်၊ အောက်တိုဘာ ၂

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၄၀၀၀ အောက် ကျဆင်းလာကြောင်း ပြင်ပငွေလဲနှုန်းဖော်ပြချက်တွေအရ သိရပါတယ်။

ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းလာနေပြီး ကန်ဒေါ်လာငွေလဲနှုန်း ၃၉၀၀ ကျပ်အထိ ကျဆင်းလာကာ ဘတ်ဈေးကလည်း ဝယ်/ရောင်းနှုန်းထားအဖြစ် ၁၂၁ ကျပ်မှ ၁၂၅ ဝန်းကျင် ရှိနေပါတယ်။

ရွှေဈေးနှုန်းကတော့ ကမ္ဘာ့ဈေးအတက်ကြောင့် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်မှာ ဈေးတန်းမာနေဆဲလို့ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ကတော့ FX Trading Platform မှာ တစ်ဒေါ်လာကို ၃၆၃၃ ကျပ် ဈေးသတ်မှတ်ထားပြီး ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက စံချိန်မီရွှေတစ်ကျပ်သားဈေး ၅,၉၉၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

Credit - BETV Business

#centralnewsnaypyitaw

image