ချောက်မြို့နယ်တွင် လမ်းဦးစီးဌာနမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၂)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်တွင် လမ်းဦးစီးဌာနမှ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး အပါအဝင် (၂)ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁ရက်) ၊ ညနေ (၅)နာရီခန့်က တိုင်းအစည်းအဝေးမှ ပြန်လာသည့် အသက် (၅၀)နှစ်အရွယ် လက်ထောက်ညွှန်ကြားရေးမှူး အမျိုးသမီး အပါအဝင် (၂)ဦးကို ချောက်မြို့နယ်၊ ကြေးနီလမ်းခွဲအနီးတွင် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

"တိုင်းအစည်းအဝေးက အပြန် ပါသွားတာ။ သူ့ကားနဲ့ပြန်လာတာကို ချောက်ရောက်ခါနီး (၆) မိုင်လောက်အလိုမှာ ပါသွားတာ။ သူနဲ့ပါလာတဲ့တပည့်တစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်ကတော့ သူနဲ့ပါသွားတယ်။ ကားလည်း ပါသွားတယ်။ PDFက အဲဒီလမ်းမှာ ခနခန ထွက်ထွက်စစ်တယ်။ အခုလည်း ထွက်စစ်ပြီး ဝန်ထမ်းဆိုတာ သိလို့ခေါ်သွားတာ ထင်တယ်။ လွတ်လာတဲ့တစ်ယောက်ကိုတော့ စစ်ဆေးတာတွေ လုပ်နေတယ်" ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image