10 w - Translate - Facebook

ခဏတာ စိတ်အေးချမ်းစေမယ့် စုန်းမလေး Kiki ရဲ့ Anime ကား‌ကောင်းလေး🥰💙
Kiki's Delivery Service (1989) #fblink
၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​
တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး
သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။
ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ
အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်…
ဇတ်ကားကြည့်ရန် 👇👇
Facebook Link__
https://www.facebook.com/10004....1135183377/videos/33
Telegram Link__
https://t.me/mmsub_cartoonchannel/833
Anime ကားကောင်းတွေကြည့်ချင်ရင် အောက်က Telegram Link ကို Join ထားနော်👇💖
https://t.me/+apU7SSTC3_s4MjQ1
#crdreview