တရုတ်နိုင်ငံ၊ ဂျီလင်း (Jilin) ပြည်နယ်၊ တုံဟွာ (Tonghua) မြို့က ဖန်လုန် (Feng Lung) အမည်ရ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ အီးမေးလ်တွေမှတစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်မှုရှိနေတယ်လို့ သံသယရှိဝင်ပြီး စိတ်ဆိုးကာဒေါသထွက်ခဲ့ပါတယ်
အဲ့လိုနဲ့ ၂၀၁၅ ခုနှစ်၊ မေလ (၂) ရက်နေ့ ညဘက်မှာ ခင်ပွန်းဖြစ်သူ အိပ်ပျော်နေစဉ် ဖန်လုန် ဟာ မီးဖိုချောင်သုံး ကတ်ကြေးတစ်လက်ကို အသုံးပြုပြီး သူ့ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပစ်ခဲ့ပါတယ်
ခင်ပွန်းဖြစ်သူဟာ အသက်လု ထွက်ပြေးပြီး ဆေးရုံသို့ အမြန်ရောက်ရှိခဲ့တဲ့အတွက် ဆရာဝန်တွေဟာ ခွဲစိတ်မှု ပြုလုပ်ပြီး ဖြတ်တောက်ခံရတဲ့ အင်္ဂါကိုပြန်လည် ဆက်ပေးနိုင်ခဲ့ပါတယ်
ဒါပေမဲ့ ဒီမှာတင်မပြီးသေးပါဘူး နောက်တစ်နေ့ မနက်မှာ ဖန်လုန်ဟာ ဆေးရုံကြီးထဲကို ခိုးဝင်လာခဲ့ပါတယ် အဲ့ဒီအချိန် ခင်ပွန်းဖြစ်သူဟာ ပထမအကြိမ် ခွဲစိတ်မှုကြောင့် ခုတင်ပေါ်မှာ လှဲလျောင်းနေရဆဲ ဖြစ်ပါတယ်
အဲ့ဒီနောက် သူမဟာ ဒုတိယအကြိမ်အဖြစ် ခင်ပွန်းရဲ့ လိင်အင်္ဂါကိုထပ်မံ ဖြတ်တောက်ပစ်ခဲ့ပြီးခွဲစိတ်ခန်းသုံး ပစ္စည်းတွေနဲ့အတူပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်ပါတယ်
အဲ့ဒီအချိန် သွေးသံတရဲရဲဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူဟာ ချက်ချင်းဘဲ ခုတင်ပေါ်က ဆင်းပြီး ဖန်လုန်ကိုဆေးရုံအပြင်ဘက်အထိ လိုက်လံဖမ်းဆီးကာ အဆင်မပြတ်ရိုက်နှက်ခဲ့ပါတယ် ဆရာဝန်တွေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေဟာ ဖန်လုန် လွှင့်ပစ်လိုက်တဲ့ လိင်အင်္ဂါအစိတ်အပိုင်းကို နာရီပေါင်းများစွာ ရှာဖွေခဲ့ကြပေမဲ့ ပြန်လည်ရှာမတွေ့ရှိခဲ့ပါဘူး
ဒါကြောင့် ဖန်လုန် ကို ပြင်းထန်တဲ့ ခန္ဓာကိုယ် ထိခိုက်မှု ၊ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု တို့စွဲချက်နဲ့ ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပါတယ် ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတစ်ဝန်းလုံးကို တုန်လှုပ်စေခဲ့ပြီး အိမ်ထောင်ရေး ဖောက်ပြန်မှုကနေ ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts