အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)ရဲ့ ညအလှကို အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ လာရောက်ခံစားဖို့ ဖိတ်ခေါ်ပါရစေ။ ညဖက်အလှကိုတမူထူးခြားစွာခံစားစေဖို့ဥယျာဉ်အတွင်းမှာ မီးရောင်စုံတွေနဲ့ အလှဆင်ထားတာကြောင့် နေ့ခင်းဘက်နဲ့မတူတဲ့ ဆွဲဆောင်မှုရှိတဲ့ မြင်ကွင်းတွေကို တွေ့မြင်ကြရမှာပါ။ ညအလှကို ခံစားရင်း ဓာတ်ပုံလှလှလေးတွေလည်းရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
“Thadingyut's Night Poem” ပွဲတော် ကာလအတွင်း ညနေ (၂) နာရီမှစတင်၍ ည (၉) နာရီအထိ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသော ဟဲလေး၊ ထွန်းထွန်း ၊ ဟန်ထွန်း၊ ပူစူး၊ ဖြိုးမြတ်အောင်၊ ချစ်ဇွဲသာ၊ ပိုင်ပိုင်၊ ခွန်းဝတီပြည့်၊ သော်တာချမ်းမြေ့ နှင့်ပြင်ဦးလွင်မြို့မှတေးသံရှင်များတို့ရဲ့ သီဆိုဖျော်ဖြေမှုများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ လူငယ်များအကြိုက် DJများဖြစ်ကြသော Axel, 9Nine, Kylo, Diary, Joely, Barani , Zorro, Valatino, AXN တိုနှင့်အတူ MC HULK ရဲ့ ပူးပေါင်းတင်ဆက်မှုများဖြင့် မြူးကြွတဲ့ DJ တီးလုံးများကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။
အနားယူရင်းအဆာပြေ စားသုံးနိုင်ဖို့အတွက်စားသောက်ဆိုင်များနှင့် ပြင်ဦးလွင်ဒေသထွက်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် Night Bazaar လေးကိုလည်း ဥယျာဉ်အတွင်းမှာ စီစဉ်ပေးထားပါတယ်။
တောင်ပေါ်မြို့ရဲ့ အေးချမ်းလှတဲ့ညမှာ လှပတဲ့မြင်ကွင်းတွေနဲ့ ဖျော်ဖြေမှုတွေကို ခံစားနိုင်ဖို့ အောက်တိုဘာလ (၃) ရက်ကနေ (၇) ရက်နေ့ အထိ “Thadingyut's Night Poem “ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
Photo By - U Cherry (Cherry Studio)

image
image
image
image
image