🍪 ပဲပုပ် ကြိုက် သူများအတွက်။
1. ပဲပုပ် ချပ်လေးတွေကို ကပ်ကြေးနဲ့ သေးသေးလေးတွေဖြစ်အောင်ညှပ်ပါ။
2. ပြီးတော့ ဒယ်အိုးထဲ ဆီ အနေတော်ထည့် ဆီအပူပေးပြီး
ပူလာရင် ညှပ်ထားတဲ့ ပဲပုပ်လေးများကို မွှေးပေးပါ။ မီးအေးအေးအနေအထားလေး ထားပြီး အဆက်မပြတ်မွှေပေးပါ။ မွှေးရနံ့လေး ရလာလျှင် မီးပိတ်ပြီး ပဲပုပ်များကို အအေးခံပါ။
3.ပြီးလျှင်အသင့်ကြော်ထားပြီးသော ကြက်သွန်ကြော် ထည့်မွှေပါ။ ပြီးလျှင် ငရုတ်သီးကြမ်းမှုန့် ၊ ဆား ၊ အရသာမှုန့် လေးများကို ကိုယ်နှစ်သက်သော အချိန်အဆ အတိုင်းထည့်ပြီး ရောမွှေ ပြီးရင်တော့ အရသာရှိပြီး မွှေးနေသော ပဲပုပ်ကြော်လေး ရပါပြီရှင့်။
🍪 ပဲပုပ် စိမ်းလေးများ မှာချင်လျှင် ဆက်သွယ်လိုက်ပါရှင့်။