လူတွေဟာ လူတွေပဲ
အချင်းချင်းတွေ ဘာတွေ ညာတွေမရှိဘူး
မင်း ခလုတ်တိုက်လဲလို့ မင်းခြေမ နာတာ
မင်းနာတာပဲ
မင်းနာတာကို ငါက စုတ်သပ်ပြနေပေမဲ့
မင်းနာသလို ငါမနာဘူး
ငါမနာပေမဲ့ မင်းနာတယ်
လူဟာ ဝေမျှခံစားလို့ မရဘူး
ဘယ်လောက်များတဲ့ လူတွေအကြားမှာပဲ
မင်းရောက်နေဦးတော့ မင်းဟာ မင်းပဲ။
-မြင့်သန်း