၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲကစားမယ့် နေရာများကို ဒေါ်နယ်ထရမ့် ပြောင်းပိုင်ခွင့် မရှိကြောင်း ဖီဖာ ပြောကြားလာ
အောက်တိုဘာ ၂
ဖီဖာဒုက္ကဌတစ်ဦးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲများ လက်ခံကျင်းပမယ့် မြို့များကို ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ပြောကြားလာပါတယ်။
မကြာသေးမီတုန်းက ဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပမယ့် မြို့အား လုံခြုံမှု မရှိဘူးလို့ ယူဆလာပါက မြို့ ပြောင်းကျင်းပမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် ဖီဖာဒုဥက္ကဌများမှ တစ်ဦးဖြစ်တဲ့ ကနေဒါနိုင်ငံသားမွန်တာဂလီယာနီက အိမ်ဖြူတော်တွင် ကမ္ဘာ့ဖလားလက်ခံကျင်းပမယ့် မြို့ကို ရွေးချယ်ပိုင်ခွင့် မရှိကြောင်း ဆိုလာပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားပါမယ်။
အမေရိကန်ဟာ ကမ္ဘာ့ဖလားပွဲ ၁၀၄ ပွဲမှ ဗိုလ်လုပွဲအပါအဝင် ၇၈ ပွဲကို မြို့ပေါင်း ၁၁ မြို့တွင် လက်ခံကျင်းပသွားပါမယ်။ ကမ္ဘာ့ဖလားပွဲများ လက်ခံကျင်းပမယ့် မြို့များမှာ အတ္တလန္တာ၊ ဘော့စတွန်၊ ဒဲလ်လက်စ်၊ ဟူစတန်၊ ကန်ဆက်စ်စီးတီး၊ အယ်လ်အေ၊ မိုင်ယာမီ၊ နယူးဂျာစီ/နယူးယော့ခ်၊ ဖယ်လာဒယ်ဖီယာ၊ ဆန်ဖရန်ဆစ္စကိုနှင့် ဆက်တယ်လို့ ဖြစ်ကြပါတယ်။
ဆက်တယ်နှင့် ဆန်ဖရန်ဆစ္စတို့တွင် ၆ ပွဲ လက်ခံကျင်းပလာမှာ ဖြစ်ပြီး အယ်လ်အေက ၈ ပွဲအထိ လက်ခံကျင်းပလာပါမယ်။
Credit - Playmaker Journal
#ဘောလုံးသတင်းစုံ