1 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ဘန်ဘိုမြို့တွင် ရှိသော (ကားရေဆေးသည့်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော(PJ)ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားကိုစည်သူအောင် အသက်(27)သည်ထိုအလုပ်တွင်အလုပ်လုပ်နေသည်မှာ(7)လကျော်ကြာပြီဟုဆိုသည်။(29.9.2025)ရက်နေ့ နေ့လည်(11အချိန်တွင်အလုပ်လုပ်နေရင်း ကိုစည်သူအောင်ကကားရေဆေးရန်အတွက် ကားကိုခုံပေါ်သို့နေရာမကျသေးသဖြင့် လမ်းပြရာမှ ကားမောင်းသူမှာ လီဗာနှင့်ဘရိတ်မှားနှင်းမိပြီး ကိုစည်သူအောင်အားဝင်တိုက်မီပြီးကားခေါင်းနှင့် အုတ်နံရံကြားညှပ်ကာ မေ့‌မျော သွားခဲ့သည်ဟုဆိုသည်။အခင်းဖြစ်ပြီးနောက်မွန်းလွဲ(2အချိန်တွင် ချွန်ပူလီဆေးရုံကြီးသို့ပို့ဆောင်ပြီးဆေးကုသမှုခံယူနေရင်း(2:3အချိန်တွင် သေဆုံးခဲ့ပြီဟုဆိုသည်။ကိုစည်သူအောင်၏ရုပ်အလောင်းကိုဆေးရုံတွင်ထားထားသည်ဟုဆိုသည်။အလုပ်ရှင်သူဌေးမှ အလောင်းကိုသဂြိုလ်ပေးပြီးနစ်နာကြေး(1000ပေးမည်ဟုကိုစည်သူအောင်၏ ညီအရင်းဖြစ်သူ ကိုနိုင်လွင်ဦးအား စကားပြောဆိုထားသည်ဟုဆိုသည်။(30.9.2025)ရက်နေ့ နေ့လည်(11အချိန်တွင် ကိုနိုင်လွင်ဦးကို ရဲစခန်း စကားပြန်မှ နစ်နာကြေးကို ကားထော်လော်ဘော်မှ နစ်နာကြေး(50000ဘတ်ပေး မည်ဟု ဆိုသည်။အလုပ်ရှင်သူဌေးမှအလောင်းသင်္ဂြိုလ်ရန်နှင့်နစ်နာကြေးအတွတ် (4000ဘတ်ပေးမည်ပြောပြိး နစ်နာကြေးအား မကျေနပ်ပါက ယာဥ်မောင်း ကျူးလွန်သူအား အမှုဖွင့်တိုင်ကြား တောင်းဆိုဟု သူဌေးမှ မိမိ အလုပ်သမားအား တာဝန်မယူဘဲ ယခုလိုထွတ်ဆိုထားပြီး ကျန်ကိစ္စအဝဝကို မိမိဘာသာဖြေရှင်းရန်ပြောသည်ဟုဆိုသည်။ကိုစည်သူအောင်၏ညီအရင်းဖြစ်သူ ကိုနိုင်လွင်းဦးမှ အစ်ကိုဖြစ်သူ၏အလောင်းကို သင်္ဂြိုလ်ရန်နှင့် ဆုံးရှုံးသွားသည့်အပေါ် ထိုက်သင့်သည့် နစ်နာကြေး ပြန်လည်ရရှိရန်အတွတ် WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသောကြောင့် (1.10.2025)ရက်နေ့လည်(12အချိန်တွင် အမှုလက်ခံခဲ့ပြီး WAGအဖွဲ့သားများမှ အလောင်းသင်္ဂြိုလ်ရန်နှင့် နစ်နာကြေးပြန်လည်ရရှိရန်အတွက် သေဆုံးသူ၏ညီဖြစ်သူနှင့် သွားရောက်တွေ့ဆုံပြီး လိုအပ်သည့်ကိစ္စ အဝဝကို ကူညီဆောင်ရွက်ပေးနေပါသည်။

image