ထိုင်းမှာ ကိုဗစ်မျိုးကွဲသစ် တွေ့ရှိ  
ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ မျိုးကွဲသစ် အိတ်စ်အက်ဖ်ဂျီ (XFG) ကူးစက်လူနာ ၃၃ ဦး တွေ့ရှိထားပြီးဖြစ်ကာ အများစုကို ဘန်ကောက်တွင် တွေ့ရှိခဲ့ခြင်းဟု ဆေးသိပ္ပံဌာနက သတင်းထုတ်ပြန်ခဲ့သည်။  
စထရာတပ်စ် (Stratus) ဟုလည်း သိကြသော အိတ်စ်အက်ဖ်ဂျီ သည် ကမ္ဘာတစ်ဝန်းအဖြစ်များဆုံး မျိုးကွဲဖြစ်လာကာ ရောဂါဖြစ်ပွားမှုအရမြများလာလျက်ရှိသည်ဟု ဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း အဆိုပါမျိုးကွဲသည် အခြားမျိုးကွဲဗိုင်းရပ်များလောက် ရောဂါလက္ခဏာတွင် ပြင်းထန်ခြင်းမရှိပေ။  
ထိုင်းနိုင်ငံတွင် ပထမဆုံး အိတ်စ်အက်ဖ်ဂျီ ကူးစက်လူနာကို ဧပြီလတွင် တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၄ ရက်အထိ ယင်းပိုးတွေ့လူနာ ၃၃ ဦးရှိခဲ့ပြီဖြစ်ကာ ဘန်ကောက်တွင် ၂၃ ဦးရှိခဲ့ကြောင်း ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယန်းယွတ် ထာမာဗူဒီက ပြောကြားခဲ့သည်။  
“ကူးစက်လူနာအများစုက ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာနဲ့ ခေါင်းကိုက်တာမျိုးလို အပျော့စားလက္ခဏာတွေပဲ ပြပါတယ်။ ဘယ်သူမှ ဆေးရုံတက်ရတာ မရှိပါဘူး” ဟု ၎င်းက ပြောဆိုသည်။  
ဌာနသည် ဧပြီလ ၁ ရက် နေ့မှ စက်တင်ဘာလ ၂၄ ရက် နေ့အတွင်း ကိုဗစ်-၁၉ ပိုးကူးစက်သူ ၆၀၈ ဦးကို ပြန်လည် သုံးသပ်ခဲ့ပြီး ယင်းကာလအတွင်း အိတ်စ်အက်ဖ်ဂျီ မျိုးကွဲကူးစက်မှုသည် ကိုဗစ်မျိုးကွဲကူးစက်မှုအားလုံး၏ ၅ ဒဿမ ၄ ရာခိုင်နှုန်းသာ တွေ့ရှိရသည်ဟု ဒေါက်တာ ယန်းယွတ်က ပြောဆိုခဲ့သည်။  
အိတ်စ်အက်ဖ်ဂျီသည် ပြင်းထန်သော ရောဂါလက္ခဏာများ မဖြစ်ပေါ်သော်လည်း လက်ကို မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို မသွားရောက်ခြင်းဖြင့် မိမိကိုယ်ကို အမြဲကာကွယ်သင့်ကြောင်း ၎င်းက အကြံပြုခဲ့သည်။  
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း အပါအဝင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာများတွေ့ရှိပါက ဆရာဝန်ထံပြသကာ လိုအပ်သော ကုသမှုခံယူသင့်ကြောင်းလည်း ၎င်းက တို-က်တွန်းခဲ့သည်။  
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅၈၉,၃၅၂ ဦးနှင့် ေ-သဆုံးသူ ၂၃၉ ဦး ရှိခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
 
         
 
		  
		 
		 
		 
                