ရလဒ်ဆိုးရွားမှုအတွက် တာဝန်အပြည့်အဝ ယူကြရန် ယူနိုက်တက်စတားများကို အမ်ဘူမို တိုက်တွန်း ပြောကြားလာ

အောက်တိုဘာ ၂

ဘရိုင်ယန်အမ်ဘူမိုက ရလဒ်ဆိုးရွားမှုအတွက် အပြည့်အဝ တာဝန်ယူကြရန် ယူနိုက်တက်စတားများကို ပြောကြားလာပြီး နည်းပြရဲ့ စနစ်ကသာ အပြစ်မဟုတ်ကြောင်း ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်ပြီးနောက် အရှုံးလမ်းကြောင်းပေါ်သို့ ပြန်တက်လှမ်းလာတဲ့ ယူနိုက်တက်ဟာ ယခုအပတ် စနေနေ့တွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ဆန်းဒါးလန်းကို ဧည့်ခံကစားရပါမယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဇယားအဆင့် ၁၄ နေရာတွင် ရပ်တည်ရတဲ့အထိ ရုန်းကန်နေရပြီး ကစားသမားများမှာ အသင်းရဲ့ အခြေအနေအပေါ် တုန်လှုပ်နေကြပါတယ်။

နွေရာသီတွင် ဘရန့်ဖို့ဒ်မှ ပေါင် ၇၁ သန်းဖြင့် ပြောင်းလာခဲ့တဲ့ အမ်ဘူမိုက ပရီးမီးယားလိဂ် ၆ ပွဲတွင် ၇ ပွဲတည်းသာ ရယူနိုင်ခဲ့ပြီးနောက် ကစားသမားများမှာ ပိုကောင်းအောင် လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း ဆိုလာပါတယ်။

ဒါ့အပြင် အမ်ဘူမိုက အမိုရမ်ရဲ့ ၃-၄-၃ ကစားကွက်ကို အပြစ်တင်နေမှုမှာ မမှန်ကန်ကြောင်းလည်း ဆိုသွားပါတယ်။

၎င်းက "ကလပ်ရှိတဲ့ သူတိုင်း တာဝန်ယူရမယ်။ ဒီလို ကြီးကျယ်တဲ့ကလပ်မှာ ကစားတဲ့အခါ အသင်းလိုက်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာ သိရမယ်။ ပိုကောင်းလာဖို့ လိုနေတယ်။ ကျွန်တော်တို့အတွက် အနည်းငယ်ကွဲပြားတယ်(၃-၄-၃)။ ဒါပေမယ့် အရင်တုန်းကလည်း ဒီစနစ်မှာ ကစားခဲ့ဖူးပါတယ်။ လုပ်စရာတွေ အများကြီးပါ။ ဒါပေမယ့် ကောင်းမွန်တဲ့အရာ ဖြစ်လာဖို့ ပိုကောင်းလာဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ စနစ်နဲ့ပတ်သက်ပြီး မှားယွင်းနေတယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ နေရာတိုင်းမှာ ပိုကောင်းအောင်သာ လုပ်ရပါမယ်"လို့ ပြောကြားသွားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image