4 w - Translate

မြန်မာ့ပန်းချီလောကက သက်ကြီး ပန်းချီဆရာကြီး ဦးလွန်းကြွယ်ဟာ ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့မှာ ကွယ်လွန်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေနဲ့ ပန်းချီလောကအသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။
‘‘ဆရာကြီးက ညတုန်းက သွေးအတော်တိုးလာလို့ ဆေးရုံတင်လိုက်ရတယ်လို့ မိသားစု ဆီကနေ သိရပါတယ်။ ဆရာကြီးက ဆေးရုံမှာ ကြာကြာမနေချင်ဘူး။ အဲဒါကြောင့် ဆေးရုံ ဆေးခန်း ပြဖို့ရှိမှ နေအိမ်ကနေ သွားပြတာ။ စျာပန ကိစ္စကို နေ့ချင်းပြီး ပြုလုပ်မယ်လို့ သိရပါတယ်’’ လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

imageimage