၂၀၂၆  RCRC Southeast Asia Leaders အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းမည် 
======== 
ရန်ကုန်၊ အောက်တိုဘာလ(၂)ရက်။ 
 
၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် 23rd RCRC Southeast Asia Leaders Meeting ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း Myanmar red cross မှ သတင်းရရှိသည်။ 
 
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် 
မလေးရှားနိုင်ငံ ကွာလလမ်ပူမြို့၌ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကျင်းပခဲ့သော Southeast Asia Red Cross Red Crescent Humanitarian Forum နှင့် စက်တင်ဘာလ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၂၄) ရက် နေ့အထိ ကျင်းပခဲ့သော 22nd RCRC Southeast Asia Leaders Meeting သို့ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ တင်မောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ 
 
စက်တင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးဖွင့်ပွဲတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့် လခြမ်းနီအသင်းများ (IFRC)Asia Pacific   Regional Director Mr. Alexander Matheou နှင့် အပြည် ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) Asia Pacific Regional Director Mr. Regis Savioz  နှင့် မလေး ရှားနိုင်ငံ ကြက်ခြေနီနှင့် လခြမ်းနီအသင်း ဥက္ကဌ တို့က အမှာစကား ပြောကြားခဲ့ပါသည်။ 
 
ထို့နောက် အရှေ့တောင်အာရှ နိုင်ငံ များမှ မိမိတို့နိုင်ငံများအလိုက် ကြက်ခြေနီလှုပ်ရှားမှုများကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးငလျင်ကြီး ကူညီကယ်ဆယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယ ဒေါက်တာဒေါ်တင်တင်လေး က ရှင်းလင်း တင်ပြခဲ့ပြီး အရှေ့ တောင်အာရှ နိုင်ငံ များမှ ကြက်ခြေနီ အသင်းများနှင့် လခြမ်းနီအသင်းများနှင့်အတူ ပါဝင် ဆွေးနွေးခဲ့ သည်။ 
 
စက်တင်ဘာလ(၂၄)ရက်နေ့ အစည်းအဝေး နံနက်ပိုင်း အစီအစဉ်များတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး Kuala Lumpur Statement ကို လက်မှတ်ရေးထိုးခဲ့သည်။
 
         
 
		  
		 
		 
                