မယ်ခလောင်မြစ်ထဲ ၄ နာရီကြာ မျောပါခဲ့သူ ထိုင်းအမျိုးသမီးအား မြန်မာနိုင်ငံသားက ကယ်တင်

အောက်တိုဘာ ၂

ယမန်နေ့ အောက်တိုဘာ ၁ ရက်၊ ည ၁၀ နာရီခန့်တွင် ထိုင်းနိုင်ငံ၊ စမွတ်ဆွန်ခရမ်ပြည်နယ်ရှိ မယ်ခလောင်မြစ် (Mae Klong River) အတွင်း ၄ နာရီကြာ မျောပါခဲ့ပြီး ပြုတ်ကျသည့်နေရာမှ သုံးကီလိုမီတာအထိ ရေထဲမျောပါခဲ့ကာ ရေယာဥ်ဆိုင်းကြိုးတစ်ခုကို ကိုင်တွယ်ကာ တောင့်ခံခဲ့ရသူ အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးက ယနေ့နံနက်အရုဏ်တက်ချိန်မတိုင်မီ ကယ်ဆယ်နိုင်ခဲ့သည်။

ဖြစ်စဥ်အပေါ် ​မြန်မာနိုင်ငံသား သိုဒီး (Thodee) က သူသည် မြစ်ကမ်းနားတွင် အလုပ်လုပ်နေစဉ် အားအင်ချိနဲ့သော အကူအညီတောင်းသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။ ပထမတွင် သူသည် သရဲဟု ထင်ခဲ့ကာ ကြောက်လန့်ခဲ့သော်လည်း အသေအချာ စူးစမ်းကြည့်သောအခါ ရေထဲတွင် ငါးဖမ်းရေယာဥ်ဆိုင်းကြိုးတစ်ချောင်းကို ကိုင်ဆွဲထားပြီး ပင်ပန်းနွမ်းနယ်နေပုံရသော အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့သည်။

သိုဒီးသည် သူငယ်ချင်းများကို အမြန်ခေါ်ကာ သူမကို ကမ်းပေါ်သို့ ဆွဲတင်နိုင်ခဲ့ပြီး ရေစိုရွှဲနေသော သူမကို နွေးထွေးအောင် ဆက်လက် ကူညီပေးခဲ့သည်။

မြန်မာအမျိုးသား၏ ကူညီကယ်ဆယ်မှုကြောင့် ​အသက်ရှင်ရသူ ထိုင်းအမျိုးသမီးကြီး သစ်ပ်ဝမ် (Thipwan) က မြစ်ကမ်းနားတစ်လျှောက် ဖန်ခွက်များ ကောက်ယူနေစဉ် ချော်လဲကာ ရေထဲပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ငါးဖမ်းသင်္ဘောကြီးများစွာ ဖြတ်သွားသော်လည်းသင်္ဘောများ၏ အရွယ်အစားနှင့် အမြင့်ကြောင့် သင်္ဘောသားများက သူမကို မမြင်နိုင်ခဲ့ပေ။ သူမသည် ကိုယ်ဖော့လျက် ရေပေါ်မျောနေခဲ့ပြီး အကူအညီပေးသူတွေ့ရန် ဆုတောင်းခဲ့အပြီး မကြာမီတွင် ငါးဖမ်းလှေငယ်တစ်စင်းမှ သူမကို ရှာတွေ့ခဲ့ကာ မြန်မာနိုင်ငံသား၏ ကယ်ဆယ်ခြင်းခံရမှုမှာ “နတ်ကောင်းနတ်မြတ် ဆောင်မခြင်း’ တစ်ခုလိုပင် ခံစားရသည်ဟု သူမက ပြောပြခဲ့သည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့မှ သူမကို ငါးဖမ်းသမားနေအိမ်ဝန်းကျင်မှ မူလနေရပ်သို့ ပြန်လည် ပို့ဆောင်​ပေးခဲ့သည်။

Ref, Khaosod

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image
image
image