4 ပတ် - ဘာသာပြန်ပါ။

ကျနော်တို့ ကမ္ဘာထက် နှစ်ဆပိုကြီးပြီး အလေးချိန် ရှစ်ဆပိုလေးတဲ့ 55 Cancri e လို့ နာမည်ပေးထားတဲ့ ထူးခြားတဲ့ဂြိုဟ်တစ်လုံးရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဒီဂြိုဟ်ဟာ တစ်ရက်တာကြာချိန် ၁၈ နာရီပဲ ရှိပါတယ်။
သိပ္ပံပညာရှင်တွေဟာ ဒီဂြိုဟ်ကို Hubble၊ Spitzer၊ နဲ့ James Webb Space Telescope တွေနဲ့ လေထုဖွဲ့စည်းမှုနဲ့ မျက်နှာပြင် အခြေအနေတွေကို စိတ်ဝင်တစား လေ့လာခဲ့ကြပါတယ်။
55 Cancri e ဟာ သူရဲ့ကြယ်နဲ့ နီးကပ်လွန်းတာကြောင့် အလွန်ပူပြင်းပြီး tidally locked ဖြစ်နေပါတယ်။ ဒါကြောင့် ဂြိုဟ်ရဲ့ တစ်ခြမ်းက အမြဲတမ်း နေ့ဘက်၊ ကျန်တစ်ခြမ်းက အမြဲတမ်း ညဘက် ဖြစ်နေပါတယ်။
* နေ့ဘက် အပူချိန်က ၂၇၀၀ ကယ်လ်ဗင် (၂၄၃၀ ဒီဂရီစင်တီဂရိတ်) အထိ ရောက်ရှိပြီး၊
* ညဘက် အပူချိန်ကတော့ ၁၃၈၀ ကယ်လ်ဗင် (၁၁၁၀ ဒီဂရီစင်တီဂရိတ်) ဝန်းကျင် ရှိပါတယ်။
အထူးခြားဆုံးကတော့ ဒီဂြိုဟ်ရဲ့ အလွန်တန်ဖိုးကြီးတဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။ 55 Cancri e ပေါ်မှာရှိတဲ့ စိန်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ လက်ရှိငွေကြေးပေါက်ဈေးနဲ့ဆိုရင် 26.9 nonillion dollars လောက် တန်ကြေးရှိမယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ (မှတ်ချက်။ ။ 1 nonillion ဆိုတာ ၁ နောက်မှာ သုည အလုံး ၃၀ ပါဝင်ပါတယ်)။
ဒီ 55 Cancri e ဂြိုဟ်ကြီးဟာ စကြဝဠာထဲက စူးစမ်းစရာအကောင်းဆုံး ဂြိုဟ်တွေထဲက တစ်ခုအဖြစ် ရှိနေပါတယ်။

image