ကိုမာဝင်နေတဲ့ အာဝုလေး ရော့စ်ကိုကတော့ ကွယ်လွန်သွားခဲ့ပြီလို့ သူ့သခင် ဟာမီလ်တန်က အသိပေးခဲ့ပါတယ်။ ဒီအာဝုလေးဟာ နမိုးနီးယားဝေဒနာကို ခံစားခဲ့ရပြီး ဆေးရုံထပ်တင်လိုက်ရပါတယ်။ 
အဲ့ဒီနောက် ကိုမာဝင်သွားခဲ့တယ်လို့ ဟာမီလ်တန်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူ့အနေနဲ့ ရော့စ်ကိုလေး ပြန်လည်သတိရလာဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ချစ်ဖို့ကောင်းတဲ့ ဒီအာဝုလေးက သက်တန့်ရောင်တံတားကို ဖြတ်သန်းသွားခဲ့ပါပြီ။  
 ကွယ်လွန်ချိန်မှာ အသက် (၁၂) နှစ်ရှိပြီဖြစ်တဲ့ အာဝုလေးဟာ နာမည်ကြီး ဖော်မြူလာဝမ်းဇာတ်ကားမှာ ပါဝင်ဖူးသလို အင်စတာဂရမ်မှာလည်း ဖော်လိုဝါ (၁.၃) သန်းကျော် ရှိခဲ့ပါတယ်။ ဟာမီလ်တန်က သူ့ကို သွေးရင်းသားရင်းတစ်ယောက်လို စောင့်ရှောက်ခဲ့၊ ချစ်ပေးခဲ့ပြီး ပရိသတ်တွေလည်း ဒီသတင်းကြောင့် ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။
 
         
 
		  
		 
		 
		 
		 
                