10 ပတ် - ဘာသာပြန်ပါ။

ကံတရားဟာ မယားပါသားလို ပြုံးပြနေတယ်။
အသစ်အသစ်သော စောက်ပြသနာပေါင်း
သောင်းခြောက်ထောင်ဟာ
မြို့ဝင်ဆိုင်းဘုတ်တစ်ခုလို ကြိုလို့
ဘဝဟာ သေဖို့ကူးခတ်နေတဲ့
မွေးမြူရေးကန်ထဲက ငါးတွေမျိုးလား
မာရီယိုကို အခန်းဆုံး မအောင်ဖူးဘူး
လူတကာ အနိုင်ကျင့်ခံရတော့
မိဘက ထပ် ရိုက်တယ်။
စာမေးပွဲကျရှုံးတယ်။
သူ ကျနော့်ကို မချစ်ဘူး။
မုန်းပါတယ်တဲ့.......။

-ဘုန်းပြည့်စုံမင်း