ကမ္ဘောဇဘဏ်သို့ ချေးငွေပြန်ဆပ်ရန် ပျက်ကွက်သူ (၆၀)ကျော်ကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်

အောက်တိုဘာ ၂

ကမ္ဘောဇဘဏ်လီမိတက်၏ Quick Access Loan, Personal Loan, Shopper Loan နှင့် Shopper Installment Loan ချေးငွေများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူ (၆၂)ဦးကို သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြေညာထားသည်။

အဆိုပါလုပ်ငန်းရှင်များသည် ချေးငွေ အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများအား ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိနေသည့်အတွက် နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ဆက်သွယ်တောင်းခံခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ပေးဆပ်ခြင်းမရှိဘဲ ဆက်လက်ပျက်ကွက်နေကြောင်း ကြေညာထားချက်အရ သိရသည်။

ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများမှာ ဦးဖြိုးမောင်မောင် {ငွေကျော့ (၂) စတိုး (စတိုးဆိုင်)}၊ဒေါ်နီနီအေး {ဦးမြင့်သိန်း (၂) (ကုန်စုံဆိုင်)}၊ ဒေါ်ဆုမြတ်စန္ဒာ {ဗိုလ်ရွှေထိုက်စု (မီနီမတ် နှင့် စားသောက်ဆိုင်)}၊ ဒေါ်သက်သက်ဝေ {မေတ္တာစမ်းရေ (ရေသန့်)}နှင့်ဒေါ်အေးနန္ဒာဝင်း {Shwe Yamin (စတိုးဆိုင်)} စသည့်တို့အပြင် လုပ်ငန်းရှင် (၅၇)ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသူများအနေဖြင့် ကမ္ဘောဇဘဏ်လီမိတက်သို့ ပေးဆပ်ရန်ရှိသည့် အရင်း၊ အတိုးနှင့် ကျသင့်သည့် အဖိုးအခများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှ (၁၄) ရက်အတွင်း နီးစပ်ရာဘဏ်ခွဲသို့ လာရောက်ဆက်သွယ်ပေးဆပ်ပါရန် နှင့် သတ်မှတ်ရက်အတွင်း ပေးဆပ်ခြင်းမရှိပါက ဥပဒေနှင့်အညီ ဆက်လက်၍ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image