❝ထိုင်းမှာ ကားရေဆေးတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတစ်ဦး ရေဆေးဖို့လုပ်နေတဲ့ကားနဲ့တိုက်မိလို့ သေဆုံး❞
အောက်တိုဘာ ၂
ထိုင်းနိုငံ ဘူရီခရိုင်က ကားရေဆေးဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ရေဆေးဖို့လုပ်နေတဲ့ ကားတစ်စီးနဲ့ တိုက်မိခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။
အဲဒီ သေဆုံးသူအလုပ်သမားက ချွန်ဘူရီခရိုင်၊ Ban Bueng မြို့နယ်၊ Soi Withun Damri 6 လမ်းမှာရှိတဲ့ ကားရေဆေးဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၃၆ နှစ်အရွယ် ဆုထွေးအောင် ဆိုသူဖြစ်တယ်လို့ သိရပြီး သူနဲ့အတူ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား စော ဆိုသူက ရေလာဆေးတဲ့ကားတစ်စီးကို ရေဆေးခုံပေါ် မောင်းတင်ပြီးချိန်မှာ ရှေ့ဘီးနှစ်ဘီးလုံးက ချော်ကျသွားပြီး ဆုထွေးအောင် ဆိုသူကို နံရံနဲ့ဖိကြိတ်မိသလို ဖြစ်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ကားရေဆေးဆိုင်ဝန်ထမ်းတွေနဲ့ အနီးအနားရှိ လူတွေက ကားကိုပြန်မ,တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မရဘဲဖြစ်နေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ယူပြီး အခြားတစ်စီးနဲ့ စင်ပေါ်ပြန်တင်ခဲ့ပြီးမှ ခြေထောက်မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတဲ့ ဆုထွေးအောင် ဆိုသူကို ဆေးရုံပို့ပေးနိုင်ခဲ့တာလို့ သိရပါတယ်။
ဆေးရုံကို ပို့ပေးနိုင်ခဲ့ပေမယ့် ဆုထွေးအောင်ဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့လို့ ရဲတပ်ဖွဲ့ကတော့ အဲဒီဖြစ်ရပ်ဟာ ပေါ့ဆမှုကြောင့် ဟုတ်မဟုတ်ကို အတည်ပြုနိုင်ဖို့ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ယာဥ်မောင်းသူ မြန်မာလုပ်သားအပေါ် အရေးယူမယ်၊ မယူဘူးဆိုတာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw


