စိတ်မကြည်ရင် ဘုရားတောင် မရှိခိုးချင်ဘူး"တဲ့။ တစ်ယောက်က စာလေးလာပို့တယ်။"မရှိခိုးချင်လည်း ရှိခိုးရမှာပဲ။ ရှိခိုးရင်းနဲ့ကြည်သွားလိမ့်မယ်"လို့ ရှင်းပြရတယ်။
#တကယ်တော့ ဘုရားရှိခိုးတဲ့အလုပ်ဆိုတာ စိတ်မကြည်လေ ပိုလုပ်လေဖြစ်ရမယ်ပေါ့။ စိတ်ပါမှ၊ စိတ်ကြည်မှ လုပ်ကြမယ်ဆိုရင် ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့စိတ်ဆိုတာ မကောင်းတာမှာပဲ အပျော်များတယ်လေ။ ကောင်းတဲ့စိတ်ဆိုတာ သီးသန့်မွေးယူရတာ မဟုတ်လား။
#ဒေါသဖြစ်ရင် ဒေါသကင်းစင်တဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအငြိမ်းဓာတ်ရသွားတယ်။ စိတ်မကြည်ရင် စိတ်ကြည်လင်နေတဲ့ ဘုရားရှင်ကို အာရုံပြုကြည့်လိုက် ကိုယ်ပါအကြည်ဓာတ်ကူးသွားတယ်။ စိတ်မကြည်ရင် ဘုရားတောင် ရှိမခိုးချင်ဘူးမလုပ်နဲ့၊ ရှိခိုးရင်း ကြည်သွားလိမ့်မယ်ပေါ့နော်။
#အတုမရှိ၊ အတူမရှိ မြတ်ဗုဒ္ဓဆိုတော့ အပူလည်း မရှိဘူးပေါ့။
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

image