ကြောင်လေးများအတွက် အဆာပြေပန်းသီးကျွေးခြင်းရဲ့ အကျိုးကျေးဇူးများ 
➡️ အမျှင်ဓာတ် 
ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ ကြောင်ရဲ့ အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ အစာခြေစနစ်ကို ပုံမှန် လည်ပတ်စေပြီး ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း ကို သက်သာစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ 
➡️ ဗီတာမင်နှင့် သတ္တုဓာတ်များ 
ပန်းသီးမှာ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် K နှင့် ကယ်လ်စီယမ် တို့လို အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ဗီတာမင်ဓာတ်ပါဝင်မှုဟာ သူတို့အတွက် သိသိသာသာ အရေးကြီးတဲ့ အကျိုးကျေးဇူးတော့ မဟုတ်ပါဘူး။ 
➡️ ရေဓာတ်   
ပန်းသီးမှာ ရေဓာတ် များစွာ ပါဝင်တဲ့အတွက် အထူးသဖြင့် ရေခွက်ထဲကရေမသောက်ဖြစ်တဲ့ ကြောင်လေးတွေအတွက် ရေဓာတ်ရရှိစေဖို့ အနည်းငယ် ကူညီပေးနိုင်ပါတယ်။ 
💬 အခြားတိချစ်သူများလည်း သိရှိနိုင်ဖို့ share သွားနိုင်ပါတယ်။
 
         
 
		  
		 
		 
                