အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘယ်လင်ဂမ် ဆွတ်ခူး 
 
အောက်တိုဘာ ၂ 
 
ဂျူ့ဘယ်လင်ဂမ်ဟာ ၂၀၂၄-၂၅ ရာသီအတွက် အင်္ဂလန် အမျိုးသားအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာပါတယ်။ 
 
အသက် ၂၂ နှစ်ရှိ အလယ်တန်းကစားသမားဟာ ယခင် ယာယီနည်းပြလီကာစလေ လက်အောက်နှင့် နည်းပြသစ်သောမတ်စ်တူချယ်တို့ရဲ့ လက်အောက်တွင် ၈ ပွဲကစားရာမှာ ၁ ဂိုးသွင်းယူပြီး နေးရှင်းလိဂ်တန်းတက်နိုင်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ 
 
သူဟာ ဒီကလန်ရိုက်စ်နှင့် ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။ ဒီဆုကို ပရိသတ်မဲ အဆုံးအဖြတ်ဖြင့် ရွေးချယ်လာတာလည်း ဖြစ်ပါတယ်။ 
 
ရီးရဲလ်မက်ဒရစ်ရဲ့ ဘယ်လင်ဂမ်ဟာ ၂၀၀၆ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားအိုဝင်ဟားဂရေ့ဗ်နောက်ပိုင်းတွင် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးတဲ့ အင်္ဂလန်ပြင်ပတွင် ကစားနေတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာပါတယ်။ 
 
ဘယ်လင်ဂမ်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ဂရိနှင့် နေးရှင်းလိဂ်ပွဲတွင် ဂိုးသွင်းခဲ့သလို နိုဝင်ဘာလ အိုင်ယာလန်နှင့်ပွဲတွင် ၂ ကြိမ်ဖန်တီးပြီး ပင်နယ်တီ  တစ်လုံး ရယူပေးခဲ့ပါတယ်။ 
 
ယင်းနောက် သူဟာ မတ်လတုန်းက အယ်ဘေးနီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 
 
သူဟာ ဇူလိုင်လတွင် ပုခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် စက်တင်ဘာလတွင် ပြန်လည် ကစားလာနိုင်ခဲ့ပါတယ်။ 
 
သူဟာ အောက်တိုဘာလ ၉ ရက်နေ့နှင့် အောက်တိုဘာလ ၁၄ ရက်နေ့တို့တွင် ကစားမယ့် ဝေးလ်(ခြေစမ်းပွဲ)နှင့် လတ်ဗီးယား(ကမ္ဘာ့ဖလားခြေစစ်ပွဲ)တို့တွင် အင်္ဂလန်အသင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ 
 
ဂျူ့ဘင်လင်ဂမ် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား မဆွတ်ခူးမီ ပြီးခဲ့တဲ့ နှစ်တုန်းက ကိုးလ်ပါလ်မာ ဆွတ်ခူးခဲ့ပြီး ယင်းမတိုင်မီ ဘူကာယိုဆာကာက ၂ နှစ်ဆက် ဆွတ်ခူးခဲ့ပါတယ်။ 
 
Credit - Playmaker Journal 
 
#ဘောလုံးသတင်းစုံ
 
         
 
		  
		 
		 
		 
		 
                