မိုးသည်းထန်စွာရွာတော့ မနက် ၃ နာရီလောက်ကနေ ချောင်းရေတက်လာပြီး မြို့အဝင် မြစိမ်းရောင်တံတား နားကနေ ဧရာဝတီမြစ်ထဲသွားတဲ့ကမ်းနားအထိ ချောင်းဘေးဝဲယာတွေအကုန်လုံး လူတရပ်လောက်မြင့်ပြီး ချောင်းရေကစီး၊ မနက် ၃ နာရီ အိပ်ချိန်လည်းဖြစ်တော့ အသက်လုပြီး ပြေးရတာပေါ့။ လူတော့ ဘာမှမဖြစ်ကြပေမယ့် တထပ်အိမ်တွေမြုပ်၊ ပစ္စည်းတွေမျောပါတာပေါ့။ ချောင်းဘေးက နှစ်အိမ်၊ သုံးအိမ်တော့ မျောသွားတယ်။ ဝန်းထရံတွေပြို။ အခုထိလည်း မိုးကရွာနေတုန်း