ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပမည်
မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို သီတင်းကျွတ်လဆန်း (၁၄)ရက်မှ လပြည့်ကျော် (၅) ရက်အထိ (၇)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ နံနက် (၃) နာရီတွင် ဆွမ်းအိုးမျောပွဲကို ရပ်ဝေး/ရပ်နီးများမှ ဘုရားဖူးများ၊ ဆွမ်းအိုးမျောသူများနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်း၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ရေလယ်ဘုရားကုန်းတော်ပေါ်ရှိသာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပသွားမည်ဖြစ်ကြောင်းတာဝန်ရှိသူများက ပြောကြားထားသည်။
ကျိုက္ခမီ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း (၁၄) ရက်မှ လပြည့်ကျော် (၅) ရက်အထိ ကျင်းပလေ့ရှိပြီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။