ထိုင်းနိုင်ငံရဲ့ အကြီးဆုံး တောင်နေကြာပန်းခင်းကြီး 100%ပွင့်ဖို့ 45ရက်လောက်သာ လိုပါတော့တယ်တဲ့ 🌼🌼 
Octoberလကုန်တာနဲ့ တောင်ပေါ်မှာ လေနုအေးလေးတွေစတင်ပြီးတိုက်ခတ်နေမှာဖြစ်ပြီး ရာသီဥတာဟာလည်း အေးမြမြလေးဖြစ်နေမှာ🌻🌻 
Nov လလယ်ရောက်မှ အစွမ်းကုန်ဖူးပွင့်တော့မှာမို့ လာရောက်လည်ပတ်တဲ့အခါ အနွေးထည်ပါးပါးလေးတစ်ထည်လောက်တော့ လိုပါလိမ့်မယ်နော်။ 
ချီးကျူးစရာကောင်းတာက နေကြာရိုင်းပန်းပင်ကြီးတွေကို အကြီးကြီးတွေဖြစ်တဲ့အထိ သေချာနှစ်စဉ်ထိမ်းသိမ်းထားကြသလို လာရောက်လည်ပတ်တဲ့သူတွေကလည်း စည်းကမ်းလိုက်နာကြတာပါပဲ။ 
ပန်းတွေခူးကောက်ခွင့်မရှိသလို အမှိုက်တွေမပစ်ချဘဲ ထိမ်းထိမ်းသိမ်းသိမ်း စည်းကမ်းရှိကြဖို့လည်း နိုးဆော်ထားပါတယ်။ 
📍 Location: https://maps.app.goo.gl/EaxN6cCuqfuWkhRU7?g_st=ipc 
🏠 Address: 1 Mae U Kho, Khun Yuam District, Mae Hong Son 58140
 
         
 
		  
		 
		 
		 
		 
		 
                