4 w - Translate

❝ထိုင်းမှာ ကိုဗစ် အမျိုးစားအသစ် ကူးစက်လို့ လာပြီ❞
ကိုဗစ် ၁၉ အမျိုးအစားအသစ် XFG ကို ထိုင်းနိုင်ငံမှာ လူနာ ၃၃ ယောက်တွေ့ရှိခဲ့ပြီဖြစ်ပြီး အများစုက ဘန်ကောက်မှာဖြစ်တယ်လို့ ဆေးဝါးနည်းပညာဌာနက သတင်းထုတ်ပြန်လာပါတယ်။
.
မနေ့က အင်္ဂါနေ့မှာ ဒီသတင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မျိုးစိတ် XFG-Stratus လို့အမည်ရတဲ့ ကိုဗစ်ဟာ ကမ္ဘာနဲ့အဝန်းဖြစ်ပေါ်မှုများနေပြီး ထိုင်းမှာလည်း အခုဖြစ်လာတာပါ။ အရင် အမျိုးအစားတွေထက်တော့ ပိုပြီး ပြင်းထန်တဲ့ လက္ခဏာမျိုးပြလာတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ ဧပြီလတုန်းက ရောဂါကူးစက်ခံထားရသူကိုစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်က အထိ ကူးစက်သူ ၃၃ ဦးနဲ့ ဘန်ကောက်မှာတင် ၂၃ ဦးရှိတယ်ဆိုပါတယ်။
.
“လက္ခဏာက အရမ်းတော့ မပြင်းထန်ပါဘူး၊ ဖျားတာ၊ ချောင်းဆိုတာ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာလောက်ပဲရှိပါတယ်၊ လတ်တလော ဆေးရုံတက်ရတာလည်းမရှိပါဘူး” လို့ တာဝန်ရှိသူ ဒေါက်တာ Yongyot က ပြောပါတယ်။ ဧပြီ ၁ ရက် ၂၀၂၅ ကနေ စက်တင်ဘာ ၂၄ ရက် ၂၀၂၅ အထိ ကိုဗစ်ဖြစ်သူ ၆၀၈ ဦးရှိပြီး အဲ့ထဲက 5.4% က XFG အမျိုးအစားဖြစ်နေသူတွေပါ။ အရမ်းရောဂါက မပြင်းထန်ပေမယ့် ကူးစက်ပျံ့ပွားနှုန်းနည်းစေဖို့အတွက် လက်မှန်မှန်ဆေး၊ Mask တပ်သင့်ပြီး နေမကောင်းရင် ထိထိရောက်ရောက်ကုသဖို့ တိုက်တွန်းထားပါတယ်။

image