ဘုရားရှင်၏ အမည်တော် (၈) ပါး
▪➖➖➖➖➖➖➖▪
───────────────
(၁) သမဏ (ငြိမ်းအေးသူ)
───────────────
ရဟန်းတို့ “သမဏ” ‘ ငြိမ်းအေးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၂) ဗြာဟ္မဏ (မကောင်းမှုမျှောပြီးသူ)
────────────────
ရဟန်းတို့ “ဗြာဟ္မဏ” ‘မကောင်းမှုမျှောပြီးသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို
ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၃) ဝေဒဂူ (အသိဉာဏ်သို့ရောက်သူ)
────────────────
ရဟန်းတို့ “ဝေဒဂူ” ‘အသိဉာဏ်သို့ ရောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို
ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
───────────────
(၄) ဘိသက္က (သမားတော်)
───────────────
ရဟန်းတို့ “ဘိသက္က” ‘သမားတော်’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၅) နိမ္မလ (အညစ်အကြေးမရှိသူ)
────────────────
ရဟန်းတို့ “နိမ္မလ” ‘အညစ်အကြေးမရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၆) ဝိမလ (အညစ်အကြေးကင်းသူ)
────────────────
ရဟန်းတို့ “ဝိမလ” ‘အညစ်အကြေးကင်းသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက်မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────
(၇) ဥာဏီ (ဉာဏ်ရှိသူ)
────────────
ရဟန်းတို့ “ဉာဏီ” ‘ဉာဏ်ရှိသူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်း။
────────────────
(၈) ဝိမုတ္တ (လွတ်မြောက်သူ)
────────────────
ရဟန်းတို့ “ဝိမုတ္တ” ‘လွတ်မြောက်သူ’ဟူသော ဤအမည်သည် ပူဇော်အထူးကို ခံထိုက်သော မဖောက် မပြန် ကိုယ်တိုင်သိသော မြတ်စွာဘုရား၏ အမည်တည်းဟု (မိန့်တော်မူ၏)။
📚 ကျမ်းညွှန်း 📚
ပိဋကတ် သုံးပုံ တိပိဋက မြန်မာပြန်