❝ကြက်မောက်တောင်ဆည် ရေလျှံပြီး ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်း ရေကျော်နေလို့ လမ်းကိုယာယီပိတ်ထားရဟုဆို❞

စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဒီရက်ပိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ ရေလျှံကျပြီး ကျောက်ပန်းတောင်း - မိတ္ထီလာကားလမ်းပေါ် ရေကျော်နေတဲ့အတွက် ကားလမ်းကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ မနက်ပိုင်းက ယာယီပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီရေကျော်မှုက ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း မိုင်တိုင်အမှတ် (၅၁)မိုင် (၄)ဖာလုံကနေ (၇)ဖာလုံကြား ကိုင်းရွာနဲ့ စည်ပင်သာရွာကြားမှာ ဖြစ်ပေါ်နေတာလို့ သိရပြီး နေ့လယ်ပိုင်းမှာ ဆည်ရေပိုများလာသလို ရေစီးလည်းကြမ်းလာတာကြောင့် ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တဲ့အတွက် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေအပါအဝင် ကားတွေရာနဲ့ချီပိတ်မိနေကြတယ်လို့ဆိုပါတယ်။

ယခုလို ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ ရေလျှံကျတာဟာ အဲဒီဆည် တည်ဆောက်ပြီးကတည်းက ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပြီး ပိတ်ထားတဲ့ လမ်းပိုင်းကိုတော့ ရေကျော်မှုနည်းသွားတဲ့အခါမှသာ ပြန်လည်ဖြတ်သန်းခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+8