11 ပတ် - ဘာသာပြန်ပါ။

ဘာပြဿနာမှ ကြီးကြီးမားမားမရှိပါဘဲ…တစ်ယောက်နဲ့တစ်ယောက် စိမ်းကားအေးစက်သွားတဲ့ ဆက်ဆံရေးတစ်ခုအတွက် နာကျင်ထိခိုက်ခံစားနေဖို့ မလိုပါဘူး..။ လူတွေဟာ ပြောင်းလဲတတ်တယ်ဆိုတာလေးကို နားလည်လက်ခံပေးလိုက်ရုံပဲရှိပါတယ်…။
အရာရာတိုင်းမှာ သက်တမ်းတစ်ခုထိသာ ရှိတတ်ပါတယ်…။ သက်တမ်းလွန်သွားတဲ့ expired ဖြစ်သွားတဲ့ ဆက်ဆံရေးတစ်ခုကို ကိုယ်ကဆက်ပြီးဖက်တွယ်ဆုပ်ကိုင်ထားမယ်ဆိုရင်…အဆိပ်သင့်စေပါလိမ့်မယ်..။
ရင်ထဲမှာစူးနေတဲ့ဆူးကလေးတစ်ချောင်းကို ဆွဲဖယ်နှုတ်လိုက်ရင်..နာကျင်အဆိပ်သင့်နေတဲ့ ခံစားရမှုတွေ သက်သာလွတ်မြောက်သွားရသလိုပဲ..ကိုယ့်ရဲ့ဘဝမှာ..ကိုယ့်ကိုနာကျင်အဆိပ်သင့်စေတဲ့ ဆူးနဲ့တူတဲ့ လူအချို့ကို ဖယ်ထုတ်ပစ်လိုက်ပါ..။ ဘဝဟာ..သိသိသာသာ ပေါ့ပါးလွတ်မြောက်ပျော်ရွှင်လာရပါလိမ့်မယ်…။
#လွန်းထားထား
#နှလုံးသားကိုဖွင့်တဲ့သော့

image