❝ရန်ကုန်မြို့၏ နာမည်ကြီး ရေကျော်စျေးရောင်းပွဲတော်ကို မနက်ဖြန်မှစတင်ကာ ၇ ရက်တိုင်တိုင် ပြန်ကျင်းပမည်❞

စက်တင်ဘာ ၃၀

ရန်ကုန်မြို့၏ အစည်ကားဆုံး အထင်ကရပွဲတော်တစ်ခုဖြစ်သော ရေကျော်ဈေးပွဲတော်ကို သီတင်းကျွတ်မီးထွန်းပွဲနှင့်အတူ မနက်ဖြန် အောက်တိုဘာလ(၁)ရက်မှစတင်ကာ (၇) ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ကျင်းပဖို့ရှိတယ်။

အဆိုပါ ရေကျော်သီတင်းကျွတ်မီးထွန်းပွဲနှင့် စျေးပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်နီးချိန်တွင် ကျင်းပလေ့ရှိပြီး ကိုဗစ်ကာလအတွင်း၌ ရပ်နားခဲ့ရပြီးနောက် ပြီးခဲ့သည့်နှစ်မှစတင်ကာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပွဲတော်ကျင်းပမည့်နေရာ၌ ချားရဟတ်များ၊ ဈေးဆိုင်ခန်းများ ရောက်ရှိနေပြီဟုဆိုသည်။

ယင်းပွဲတော် ကျင်းပစဥ်ကာလအတွင်း သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တို့တွင် မုန့်စျေးတန်းများဖြင့် စည်ကားလေ့ရှိသလို ရေကျော်ပုဇွန်တောင်မီးပွိုင့်အနီးတွင် အပျော်တမ်းကစားစရာများဖြင့်စည်ကားလေ့ရှိပြီး ဗိုလ်မြတ်ထွန်းလမ်းရှိ မောင်အေးကဖီးရှေ့သည် အစည်ကားဆုံးနေရာတစ်ခုဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image