❝ထိုင်းထဲကို ကား ၄ စီးနဲ့ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၉ဝ ကန်ချနဘူရီမှာ အဖမ်းခံရ❞

စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ဖို့အတွက် ကား ၄ စီးနဲ့ လိုက်ပါလာကြတဲ့ မြန်မာနိုင်ငံသား အယောက် ၉ဝ ဦးကို ဒီကနေ့ စက်တင်ဘာ ၃ဝ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ Sai Yok မြို့နယ်အတွင်းကနေ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဲဒီကား ၄ စီးဟာ Sai Yok မြို့နယ်၊ Tha Sao ရပ်ကွက်မှာရှိတဲ့ ပုံမှန်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းဖို့ ကြိုးပမ်းခဲ့တာကြောင့် အာဏာပိုင်အဖွဲ့က မသင်္ကာတဲ့အတွက် ကြားဖြတ်ဖမ်းဆီး စစ်ဆေးခဲ့ရာကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉ဝ ဦးကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားသလို သူတို့ကို သယ်ယူပို့ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း ၂ ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image