6 ပတ် - ဘာသာပြန်ပါ။

တချို့အရာတွေ ကိုယ်အရမ်းမြတ်နိုးခဲ့တယ်
သို့သော် အဲ့ဒီမြတ်နိုးတဲ့အရာကြောင့်
အရမ်းစိတ်ပင်ပန်းခဲ့ရတယ် ငိုကြွေးခဲ့ရတယ်
ပင်ပန်းခဲ့ရတယ်
နောက်ဆုံးမှာ စွန့်လွှတ်လို့ ဆုံးဖြတ်ချက်ချမိတယ်
သို့သော် ကိုယ်မြတ်နိုးတဲ့အရာကို
လွယ်လွယ်ကူကူနဲ့ ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ...
အကြိမ်ကြိမ် စွန့်လွှတ်မယ် စဉ်းစားလိုက်
မြတ်နိုးတဲ့စိတ်က ပိုသွားလိုက်
စွန့်လွှတ်မယ် စဉ်းစားလိုက် နဲ့
အကြိမ်ကြိမ်ပေါ့ . . .
နောက်ဆုံးမှာတော့ ဘာကိုမှနောက်လှည့်မကြည့်တော့ဘူး
စွန့်လွှတ်ခဲ့လိုက်တော့တယ်...
အဲ့ဒီနောက်ပိုင်း စိတ်တွေ အရမ်းပေါ့ပါးပြီး
ကျွန်မ ပြုံးနိုင်ခဲ့တယ်
#သျှင်ယွန်း