6 ပတ် - ဘာသာပြန်ပါ။

ရှာဖွေတွေ့ရှိသမျှ ဒိုင်နိုဆောတွေရဲ့ မစင်ကျောက်ဖြစ်ရုပ်ကြွင်း(Coprolite)တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ Barnum လို့ အမည်ပေးထားတဲ့ ဒီ ဒိုင်နိုဆော အညစ်အကြေးကို အမေရိကန်နိုင်ငံ South Dakota ပြည်နယ်မှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Tyrannosaurus Rex ရဲ့ အညစ်အကြေးဖြစ်နိုင်မယ်လို့ ယူဆရတဲ့ ဒီမစင်တုံးဟာ အရှည် ၆၇.၅ စင်တီမီတာ (၂၆.၆ လက်မ)၊ အနံ ၁၅.၇ စင်တီမီတာ (၆.၂ လက်မ) ရှိပြီး အလေးချိန် ၉.၂၈ ကီလိုဂရမ် (၂၀.၅ ပေါင်) လေးပါတယ်။ Barnum ကို လက်ရှိမှာ George Frandsen ဆိုသူက ပိုင်ဆိုင်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းအညစ်အကြေးတွေကိုသာ စုဆောင်းပြသထားတဲ့ Arizona ပြည်နယ်က Poozeum ပြတိုက်မှာ ပြသထားရှိပါတယ်။

image