၂၀၂၃ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ဒေးဗစ်ဘာတန် (David Baerten) လို့အမည်ရတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ဘဝသင်ခန်းစာပေးဖို့အတွက် မိမိကိုယ်ကို ေxသပြီးလို့ ဟန်ဆောင်ခဲ့ပါတယ်
ဘာတန် နဲ့အတူ သူ့ဇနီးနဲ့ သားသမီးတွေဟာ ပူးပေါင်းပါဝင်ခဲ့ပြီး သူ့ရဲ့ ေxသဆုံးမှု သတင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေခဲ့ပါတယ် သူ့ရဲ့ သမီးတစ်ယောက်ဆိုရင် "အေးချမ်းစွာအနားယူ ပါဖေဖေ၊ သမီး ဖေဖေကို ဘယ်တော့မှ မမေ့ပါဘူး" လို့ ဝမ်းနည်းကြောင်း စာသားတွေတောင် တင်ခဲ့ပါတယ်
ဘာတန်က သူ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို " ကျွန်တော့်ကို ဘယ်ပွဲမှ ဖိတ်ခေါ်တာမရှိဘူး ဘယ်သူမှ ကျွန်တော့်ကိုမတွေ့ကြဘူး ကျွန်တော်တို့အားလုံး တဖြည်းဖြည်း ဝေးကွာလာကြတယ်" ဆိုပြီးပြောခဲ့ပါတယ် အဲ့လိုနဲ့ သူဟာ တန်ဖိုးမထားခံရဘူးလို့ တဖြည်းဖြည်းနဲ့ခံစားလာခဲ့ရတာပါ
ဘယ်လ်ဂျီယံနိုင်ငံ လီယက်ချ် (Liege) မြို့အနီးမှာ ကျင်းပတဲ့ သူ့ရဲ့ ဟန်ဆောင် ဈာပနပွဲကို သူငယ်ချင်းတွေနဲ့ဆွေမျိုးတွေက ဝတ်စုံနက်တွေနဲ့ လာရောက်ခဲ့ကြပါတယ် အဲ့လိုနဲ့ ဈာပနပွဲ စတင်တော့မဲ့အချိန် ရဟတ်ယာဉ်တစ်စင်းဟာ ကွင်းပြင်တစ်ခုထဲကို ဆင်းသက်လာခဲ့ပြီး ဘာတန်ဟာ ရဟတ်ယာဉ်ထဲကနေ ထွက်လာခဲ့ပါတယ်
ဈာပနပွဲလာသူတွေဟာ ရုတ်တရက် အံ့အားသင့်သွားပြီး တချို့က သူ့ဆီကို ပြေးသွားပြီး ပွေ့ဖက်ကြ၊ ပျော်ရွှင်စွာ ငိုကြွေးကြပါတယ် သူ့ရဲ့သူငယ်ချင်းတွေက "မင်း ငါတို့ကို အရူးလုပ်လိုက်တာဘဲ ငါတို့ မင်းကိုချစ်တယ် မင်း ငါတို့ကြားထဲမှာ ရှိနေတာ ပျော်တယ်" လို့ ပြောခဲ့ကြပါတယ်
ဘာတန်က ဒီလုပ်ရပ်ဟာ "တကယ်တမ်း ဘယ်သူတွေက သူ့ကို ဂရုစိုက်လဲဆိုတာ သက်သေပြလိုက်တာဘဲ " လို့ ပြောခဲ့ပါတယ် သူ့ရဲ့ ဈာပနပွဲကို မလာခဲ့တဲ့ လူတွေတောင်မှ နောက်ပိုင်းမှာ သူ့ကို တွေ့ဆုံဖို့ ဆက်သွယ်လာကြတယ် လို့ သူက ထပ်ပြောခဲ့ပါတယ်
ဒါကြောင့် ဒီဖြစ်ရပ်ဟာ အသက်ရှင်နေတုန်း တန်ဖိုးထားကြပြီး အချင်းချင်း ဂရုစိုက်ရမယ်ဆိုတဲ့ သတင်းစကားကို ပေးခဲ့တဲ့ စွန့်စားခန်းကြီးတစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts