Kentucky ပြည်နယ်မှ Gary Thompson အမည်ရ အမျိုးသားတစ်ဦးဟာ မသန်စွမ်းသူတစ်ယောက်အဖြစ် ဟန်ဆောင်ပြီး တစ်နှစ်ကို ဒေါ်လာ ၆၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား ဝင်ငွေရှာနိုင်ခဲ့တဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်
သူဟာ wheelchair ပေါ်မှာထိုင်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ရှိနေတဲ့သူတစ်ယောက်အဖြစ် ဟန်ဆောင်ကာ Lexington မြို့ နဲ့ Louisville မြို့တွေမှာ တောင်းရမ်းခဲ့တာ ဖြစ်ပါတယ်
သတင်းထောက်တွေက ဖော်ထုတ်လိုက်တဲ့အခါ Thompson ဟာ သူ့ရဲ့ လိမ်လည်မှုကို ဝန်ခံခဲ့ပါတယ် သူဟာ ၁၉၉၃ ခုနှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုကနေ ရခဲ့တဲ့ ဒေါ်လာ ၂.၅ သန်း လျော်ကြေးငွေကို အလဟဿ ဖြုန်းတီးပစ်ခဲ့ပြီးနောက် အခုလို လိမ်လည်တောင်းရမ်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာလို့ သိရပါတယ်
အဖမ်းခံရတာတွေ ရှိခဲ့ပေမဲ့ သူဟာ ဒီအလုပ်ကို ဆက်လုပ်ခဲ့ပြီး နောက်ဆုံး၂၀၂၂ ခုနှစ်မှာတော့အကျဉ်းချခံလိုက်ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts