ဝက်သား သုံးထပ်သား အနည်းငယ်ကို ဆေးကြော သန့်စင်ပြီး အခေါက်မထည့်ပဲ၊ သေးသေးလေး လှီးထားပါမယ်။ ပြီးလျှင် ဆီအနည်းငယ်မှာ လှီးထားတဲ့ ဝက်သားလေးတွေ ထည့်၊ဆားနည်းနည်းလေးထည့် ပြီး မွှေပေးနေမယ်။ အဆီလေးတွေထွက်ပြီး အနံ့မွှေးလာပြီဆိုလျှင်၊ အိုးရဲ့ တစ်ဖက်ကို ဝက်သားလေးတွေ စုထားပြီး ကျန်တဖက်မှာ ကြက်သွန်ဖြူလေးထုထားတာ ဆီသပ်ယူမယ်။ ကြက်သွန်လေး အရောင်ပြောင်းလာပြီဆို ခရုဆီအနည်းငယ်၊ ပဲငံပြာရည် အကျဲအနည်းငယ်၊ Dark soy sauce အနည်းငယ်စီ ထည့်ပြီး၊ရေနွေးအနည်းငယ်ထည့်လိုက်ပါမယ်။ (အဆာပလာတွေ ကိုယ့်ဟင်းပမာဏပေါ်မူတည်ပြီး ချိန်ထည့်ယူပါ)
နောက်ဆုံးရေခမ်းပြီး အပေါ့အငန် အဆင်ပြေပြီဆိုလျှင်
ကြက်စွန်မြိတ်/ကျူ့ဆိုင်ရွက် ကြိုက်ရာထည့်၊ငရုတ်သီးလှီးထည့်ပြီး မွှေလိုက်ရင် ဟင်းပွဲမွှေးမွှေးလေးတစ်ပွဲရပါပြီရှင့် Healthy and simple cooking.

image