မိဘရဲ့ချစ်ခြင်းမေတ္တာကိုရရှိတဲ့ကလေးငယ်လေးတွေရဲအိမ်မက်...
မိဘရဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝရတဲ့ ကလေးငယ်တွေမှာ ကောင်းကျိုးများစွာ ရနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှု့ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့
၁။လုံခြုံစိတ်ချရမှု့နဲ့ ယုံကြည်မှု့ရှိလာခြင်း
ကလေးငယ်တွေဟာ မိဘရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရတဲ့အခါ ကိုယ့်ကိုယ်ကို လုံခြုံစိတ်ချမှု့ရှိပြီး တည်ငြိမ်တဲ့စိတ်ဓာတ်တွေ ဖြစ်လာပါတယ်။ ဒါ့အပြင် သူတို့ဟာ ဘဝမှာကြုံလာရမယ့် စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ယုံကြည်မှုရှိလာပါတယ်။
၂။ ကိုယ့်ကိုယ်ကို လေးစားမှုရှိလာခြင်း
ချစ်ခြင်းမေတ္တာပေးခံရတဲ့ ကလေးတွေဟာ သူတို့ရဲ့ တန်ဖိုးကို နားလည်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာပါတယ်။
၃။ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိလာခြင်း
ကလေးတွေဟာ စိတ်ဖိစီးမှုများတဲ့အခြေအနေတွေမှာ မိဘရဲ့ချစ်ခြင်းမေတ္တာကို အားကိုးရာအဖြစ် ရှု့မြင်နိုင်ပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
လူမှုဆက်ဆံရေးနဲ့ အပြုအမူပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့
၁။သူတစ်ပါးအပေါ် ကိုယ်ချင်းစာတရားရှိလာခြင်း
ချစ်ခြင်းမေတ္တာအပြည့်အဝရတဲ့ ကလေးတွေဟာ ကိုယ်ချင်းစာတရား ပိုမိုမြင့်မားလာပြီး သူတစ်ပါးရဲ့ခံစားချက်ကို နားလည်ပေးတတ်ပါတယ်။
၂။ ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်နိုင်ခြင်း
သူတို့ဟာ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ လူအများနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်စွမ်းရှိပါတယ်။
၃။ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခြင်း
ရန်လိုခြင်း၊ ရန်ဖြစ်ခြင်း၊ ပြဿနာရှာခြင်းစတဲ့ အပြုအမူတွေကနေ ရှောင်ရှားပြီး ပိုမိုအပြုသဘောဆောင်တဲ့ အပြုအမူတွေကို လုပ်ဆောင်လာနိုင်ပါတယ်။
ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု့
၁။ ကျောင်းမှာ ပိုမိုကောင်းမွန်စွာ သင်ယူနိုင်ခြင်း
မိဘရဲ့အထောက်အပံ့နဲ့ ချစ်ခြင်းမေတ္တာဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု့ကို တိုးမြှင့်ပေးပြီး စာသင်ခန်းထဲမှာ ပိုမိုအာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။
၂။ စူးစမ်းလိုစိတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိလာခြင်း
လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်က ကလေးတွေဟာ စူးစမ်းလေ့လာဖို့နဲ့ အသစ်အဆန်းတွေကို စမ်းသပ်ဖို့ ပိုမိုအားပေးခံရပါတယ်။ ဒါကြောင့် သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။
ဒီကောင်းကျိုးတွေကိုရရှိဖို့ဆိုရင် မိဘတွေက ကလေးကို ဖက်တာ၊ အနမ်းပေးတာ၊ ချီးကျူးစကားပြောတာ၊ အတူတူအချိန်ပေးတာနဲ့ စိတ်ရှည်သည်းခံစွာ နားထောင်ပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။
ဒီလိုမျိုး တန်ဖိုးထားခံရကြောင်း ခံစားရတဲ့အခါ ကလေးတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ လူမှု့ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ အားလုံးမှာ တိုးတက်လာနိုင်ပါတယ်။
Credit_to_owner_with_respect မှုရင်းရေးသားသူ