10 w - Translate

၁၉၂၇ ခုနှစ်မှာ ဩစတြီးယား စိတ်ရောဂါကုဆရာဝန် ဂျူးလီယပ်စ်ဝါဂ်နာ-ဂျာရော့ (Julius Wagner-Jauregg) ဟာ ဆေးပညာ နဲ့ ဇီဝကမ္မဗေဒဆိုင်ရာအတွက် နိုဘယ်ဆု ကို ရရှိခဲ့ပါတယ် သူ နိုဘယ်ဆု ရခဲ့တာကတော့ စိတ်ရောဂါဖြစ်စေတဲ့ ဆစ်ဖလစ်နောက်ဆုံးအဆင့် (Dementia Paralytica / Neurosyphilis) ကို ကုသရာမှာ ငှက်ဖျားရောဂါသွင်းခြင်းရဲ့ကုထုံးဆိုင်ရာ ကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်
ဆစ်ဖလစ်ရောဂါပိုးဖြစ်တဲ့ Treponema pallidum ဟာ လူ့ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာ ရှိနေတဲ့အခါ ဦးနှောက်ကိုပါ ထိခိုက်ပြီး စိတ်ရောဂါ၊ စိတ်ကြွခြင်း၊ ကိုယ်လက်မလှုပ်ရှားနိုင်ခြင်း နဲ့ နောက်ဆုံးမှာ ေxသဆုံးခြင်းတို့ကို ဖြစ်စေပါတယ် အဲဒီခေတ်မှာ ဒီနောက်ဆုံးအဆင့် ဆစ်ဖလစ်ကို ကုသနိုင်တဲ့ ဆေး မရှိသေးဘဲလုံးဝ ပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ ရောဂါအဖြစ် သတ်မှတ်ထားပါတယ်
အဲ့ဒီအချိန် Wagner-Jauregg က စိတ်ရောဂါသည်တချို့ဟာ အခြားရောဂါတွေကြောင့်ဖျားနာပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာတာကိုသတိပြုမိခဲ့ပါတယ် ဒါကြောင့် သူဟာ အဖျားကို တမင်တကာ ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်
ဒီလိုနဲ့ သူဟာ ငှက်ဖျားရောဂါ အမျိုးအစားထဲက အန္တရာယ်အနည်းဆုံး ဖြစ်တဲ့ Plasmodium vivax ငှက်ဖျားပိုးရှိတဲ့ သွေးကိုဆစ်ဖလစ်ဝေဒနာရှင်တွေရဲ့ သွေးထဲကို ထိုးသွင်းပေးခဲ့ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် လူနာတွေဟာ ကိုယ်အပူချိန်မြင့်မားလာပြီးအဖျားကြီးလာစေခဲ့ပါတယ်
ဒီလို ခန္ဓာကိုယ်ရဲ့ အပူချိန် အလွန်မြင့်မားခြင်းက ဆစ်ဖလစ်ပိုး (Treponema pallidum) ကို ေxသစေခဲ့ပါတယ် ဆစ်ဖလစ်ပိုးတွေ ေxသဆုံးသွားပြီလို့ ယူဆရတဲ့အခါ ကွီနိုင် (Quinine) လို ငှက်ဖျားကုဆေးကို ပေးပြီး ငှက်ဖျားရောဂါကို ပျောက်ကင်းအောင်ပြန်လည်ကုသပေးခဲ့ပါတယ်
ဒီကုထုံးကြောင့် နောက်ဆုံးအဆင့် ဆစ်ဖလစ်ဝေဒနာရှင်တွေထဲက လေးပုံတစ်ပုံခန့် ဟာ လုံးဝ ပျောက်ကင်းသက်သာပြီး ပုံမှန်ဘဝကို ပြန်ရရှိခဲ့ပါတယ် ဒါဟာ လုံးဝပျောက်ကင်းခွင့်မရှိတဲ့ ရောဂါအတွက် အဲ့ဒီခေတ်ကာလကကြီးမားတဲ့ ဆေးပညာဆိုင်ရာ တိုးတက်မှုတစ်ခုလို့ သတ်မှတ်ခံခဲ့ရပါတယ်
ဒါပေမဲ့လည်း ဒီကုသနည်းဟာ အန္တရာယ်အလွန်များပြီး လူနာရဲ့ ၃% ကနေ ၂၀% အထိဟာ ငှက်ဖျားရောဂါကြောင့် အဖျားပလွန်ကြီးပြီး​ေxသဆုံးနိုင်တဲ့ အန္တရာယ်လည်း ရှိခဲ့ပါတယ်
၁၉၄၀ ပြည့်လွန်နှစ်များမှာတော့ ပဋိဇီဝဆေးဝါးဖြစ်တဲ့ Penicillin ကို တွေ့ရှိခဲ့ပြီးနောက် ပင်နီဆီလင်ဟာ ဆစ်ဖလစ်ရောဂါကို ပိုမိုထိရောက် လုံခြုံပြီး ရိုးရှင်းစွာ ကုသနိုင်ခဲ့ပါတယ် ဒါကြောင့် ငှက်ဖျားသွင်းကုထုံးကို လုံးဝ ရပ်ဆိုင်းလိုက်ရပါတယ်
ဒါကြောင့် Wagner-Jauregg ရဲ့ နည်းလမ်းဟာ Penicillin မပေါ်ခင်ကာလအထိ အကောင်းဆုံးကုသနည်းအဖြစ် တည်ရှိခဲ့တာဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image