ခြေကျင်းဝတ်ဒဏ်ရာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ စပါးစ်တိုက်စစ်မှူးဆိုလန်ကီ
စက်တင်ဘာ ၃၀
စပါးစ်တိုက်စစ်မှူးဒိုမီနစ်ဆိုလန်ကီဟာ ခြေကျင်းဝတ်ဒဏ်ရာပြဿနာအား အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ကာ ဖြေရှင်းခဲ့ရပါတယ်။
ဆိုလန်ကီဟာ ဩဂုတ်လ ၂၃ ရက်နေ့က မန်စီးတီးနှင့်ပွဲတွင် စပါးစ်အတွက် နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။
သူဟာ ယနေ့ည နော်ဝေကလပ် ဘိုဒို/ဂလမ့်နှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာမှာ မဟုတ်ပါဘူး။
စပါးစ်နည်းပြသောမတ်စ်ဖရန့်က "ဒွမ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ခြေကျင်းဝတ်ပြဿနာရှိနေခဲ့တယ်။ အခု ကျွန်တော်တို့ အသေးစား ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ကြပြီ။ အသေးစားလေးပါ။ ဒီပွဲ(ဘိုဒို/ဂလမ့်)အတွက် အသင့်မဖြစ်ဘူး။ လိဒ်ပွဲကိုပါ လွဲမယ်။ နိုင်ငံတကာပွဲအပြီးကစားနိုင်ဖို့တော့ အချိန်သတ်မှတ်ထားတယ်"လို့ ပြောကြားသွားပါတယ်။
အသက် ၂၈ နှစ်ရှိ တိုက်စစ်မှူးဟာ စပါးစ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အများစုကို လွဲချော်ခဲ့သူ ဖြစ်ပြီး ဩဂုတ်လအစ ပီအက်စ်ဂျီ၊ ဘန်လေ၊ မန်စီးတီးတို့နှင့်ပွဲများတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
စပါးစ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၁၁ မှတ်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေကာ ခါရာဘောင်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပါတယ်။ ၎င်းတို့ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲတွင်လည်း ဗီလာရီးရဲလ်အား ၁-၀ ဖြင့် အနိုင်ရထားပါတယ်။
Credit - Myanmar Transparency News Agency
#ဘောလုံးသတင်းစုံ