နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့်သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လို
စက်တင်ဘာ ၃၀
နယ်စပ်မှတစ်ဆင့် ဂျပန်သို့ လုပ်သားစေလွှတ်မည်ဆိုသော မရေရာသည့် သင်တန်းကျောင်း ပိုများလာပြီး အရေးယူရန်လိုအပ်နေကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်း လုပ် ကိုင်သူများထံ ဆက်သွယ်မေးမြန်းထားသော အချက်အလက်များ အရသိရသည်။
ဂျပန်သို့ လုပ်သားစေလွှတ်ရန် Demand တစ်စောင်လျှင် လုပ်သား (၁၅)ယောက်သာ ကန့်သတ် ထားပြီး သက်ဆိုင်ရာဝန်ကြီး ဌာနမှ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand အများစုသည် ဂျပန် နိုင်ငံရှိ လုပ်ငန်းရှင်များမှ စာချုပ်ပယ်ဖျက်ထားသည့် Demand များပါဝင်နေကြောင်း သိရသည်။
အလားတူ စေလွှတ်ခွင့် ပြန်လည်ချပေးသည့် Demand များမှာ စာချုပ်ပယ်ဖျက်မှုမရှိသော် လည်း ပြည်ဝင်ခွင့်သက်တမ်းကုန်ဆုံးများနေသည့်အတွက် ဗီဇာပြုလုပ်၍မရသည့်အလုပ်ခေါ် စာများ ဖြစ်ကြောင်းသိရသည်။
“Cancel ဖြစ်တဲ့စာရင်းကောက် လိုက်တော့ (၃၀ဝဝ)ကျော်လောက်ထွက်လာတယ်။ စောင့်နေတဲ့ Demand တွေလည်းရှိတာပေါ့နော်။ ဌာနကနေ ခွင့်ပြုမိန့်အလှည့်ကျ ချပေးတာတွေရတယ်။ တချို့ဟာ တွေဆို ဘာမှ ဆက်လုပ်လို့မရတဲ့ ဟာတွေ။ အချို့အလုပ်ခေါ်စာတွေက ပြည်ဝင်ခွင့် ကုန်သွားပြီ။ သက် တမ်းမတိုးထားဘူး။ စာချုပ်လည်း မပယ်ဖျက်ဘူး အလုပ်ရှင်က သက်တမ်းမတိုးတော့ ဗီဇာကလည်း ဝင် လို့မရဘူး။ အလုပ်ခေါ်စာလည်း ဖြစ်ထားတော့ ဌာနကလည်း အစဉ်လိုက်ခေါ်တဲ့အခါ ကျတော့ မပါသေး ဘူးပေါ့။ အဲဒီလိုဖြစ်နေတဲ့ အလုပ်ခေါ်စာတွေက အများကြီးပဲ။ သောင်း ဂဏန်းရှိတယ်။ စာချုပ် ဖျက်ပြီး တာတွေ၊ ငွေပြန် အမ်းပြီးတာတွေ အဲဒီလို Demand တွေ ခွင့်ပြုချက်ပေးပြီးတဲ့အထဲပါ ပါလာတော့ ဘာမှ ဆက် လုပ်မရတော့ဘူး။ အဲဒီလိုမဖြစ်အောင် စာရင်း ကောက်ပြီးတော့ နေပြည်တော်ကိုပို့ထားပေးတယ်။ လက်ခံထားပေးမယ့် အခုခွင့်ပြုတဲ့အထဲမှာ အဲဒါမျိုး တွေ ပြန်ပြန်ပါနေတယ်။ အဲဒါလည်း အခက်အခဲဖြစ် ရတာပေါ့။ လက်ရှိအေဂျင်စီတွေက ဘာမှမလုပ်ဘဲ ရပ်နေရတဲ့သဘောတွေရှိနေတာပေါ့” ဟု ပြည်ပ အ လုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ ပြောသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် (၅)လပိုင်းမှ စတင်၍ တင်ပြထားသည့်အလုပ်ခေါ်စာများကို လက်ရှိ အချိန်ထိ တစ်စုံတစ်ရာ အကြောင်းကြားမှု မရှိသည့် အပြင် (၂၀၂၄) ခုနှစ်တွင်တင်ပြထားသည့် အလုပ် ခေါ်စာများတွင်လည်း စေလွှတ်ခွင့်မကျဘဲ ကျန်ရှိနေသေးကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပါအဝင် အခက် အခဲအချို့ကြောင့် ဂျပန်နိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီအများအပြား ရပ်စဲထားရသည့် အခြေအနေရှိသော်လည်း နယ်စပ်လမ်းကြောင်းများမှ တစ် ဆင့် ဂျပန်နိုင်ငံသို့ အမြန်ဆုံးပို့ဆောင်ပေး မည်ဟုဆိုကာ အခကြေးငွေများယူ၍ဆောင်ရွက် နေသည့် ပြင်ပ ဂျပန်စာသင်တန်းကျောင်းများ ပိုမိုများပြားလာပြီး အလိမ်ခံရသည့်ဖြစ်စဉ်များလည်း ပိုမိုများလာ သည့်အတွက် သင်တန်းကျောင်းများကို ထိထိရောက်ရောက်စိစစ်ကာ အရေးယူမှုများ ဆောင်ရွက်သင့် ကြောင်းလည်း ၎င်းကအကြံပြုထားသည်။
“အပြင်ကျောင်းတွေအများကြီးပဲ။ ကျောင်းတွေဖွင့်ကြတယ်။ အဲဒီလိုကျောင်းတွေက နေပြီး တော့ ကလေးတွေကို စမတ်ကတ် စောင့်စရာ မလိုဘူး။ OWIC ကတ်စောင့်စရာမလိုဘူးဆိုပြီး အမြန်ပို့ ပေးမယ်ဆိုပြီး နယ်စပ်ကပို့ပေးတဲ့ကျောင်း တွေ များလာတာပေါ့နော်။ အေဂျင်စီမှာ အင်တာ ဗျူးအောင် ထားတယ်။ စာချုပ်ချုပ်ထားတယ်။ ငွေသွင်းထားတယ်ဆိုတဲ့ကလေးတွေက စာချုပ် ပယ်ဖျက်ပြီး အပြင် ကျောင်းတွေကို ရောက်ကုန်တယ်။ ရောက်ပြီး တချို့တွေက ငွေတွေ အလိမ်ခံထားရတယ်။ အလိမ်ခံထား ရတယ်လို့ပြောပြန်ရင်လည်း ဟိုဘက်က ပြည်ဝင်ခွင့်မကျသေးလို့လို့။ အေဂျင်စီတွေနဲ့ချိတ်ထားပေမယ့် အေဂျင်စီတွေကမဖွင့်သေးလို့ဆိုပြီး ငွေတွေယူထားတဲ့ကျောင်းတွေအများကြီးရှိတယ်။ တချို့ကျတော့ အေဂျင်စီတွေနဲ့ပူးပေါင်းပြီးလုပ်တာရှိတယ်။ ဒါပေမဲ့ အေဂျင် စီတွေ မသိဘဲနဲ့ ငွေတွေလက်ခံထားတယ်။ သိန်း (၅၀၊ ၆၀၊ ၁၀ဝ)။ အဲဒီလိုတွေ လက်ခံထားပြီးတော့ ကလေးတွေက တစ်ခုခုသွားမေးရင် မဖွင့်သေး လို့ ဆိုတာမျိုးနဲ့ပဲ အချိန်ဆွဲပြီးငွေတွေယူထားကြတယ်။ စာချုပ်တွေချုပ်တယ် ငွေပြန်မအမ်းပါတို့ဘာတို့။ အပြင်ကျောင်းတွေလုပ်နေတာ။ အဲဒါတွေက လည်း ထိထိရောက်ရောက်စိစစ်ပြီးတော့ အရေး ယူဖို့လို တာပေါ့နော်။ အဲဒါတွေကလည်း MOEA နဲ့ချိတ်ဆက်ပြီး ကျောင်းစာရင်းတွေကောက်ပြီး သေချာ တင်း တင်းကြပ်ကြပ်လုပ်ရင် ကလေးတွေ အလိမ်ခံရတာလည်းလျော့သွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြော သည်။
Credit - NP News Agency
#centralnewsnaypyitaw