4 ပတ် - ဘာသာပြန်ပါ။

ဖောင်းပြင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ကိုဗဟိုပြု၍ ယနေ့ စက်တင်ဘာ ၃၀ ရက်နံနက် ၇ နာရီ ၁၀ မိနစ် ၁၂ စက္ကန့်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဖောင်းပြင်မြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၂၄ ဒသမ ၁၀)ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ်(၉၄ ဒသမ ၉၅)ဒီဂရီ၊ အနက်(၆၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကို တမူးမြေငလျင်စခန်းမှတိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image