သားလောင်းဥလေးတွေကိုစောင့်ရှောက်ရင်း အစာမစားပဲနေခဲ့တဲ့ ရေဘဝဲမိခင်။😢
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား၊ "Aquarium of the Pacific" မှာရှိတဲ့ ရေဘဝဲမလေး "Ghost" ဟာ သူ့ရဲ့ သားလောင်းဥလေးတွေအတွက် အသက်ပေးသွားခဲ့ပါတယ်။
တစ်ကယ်တော့ ရေဘဝဲမိခင်တွေရဲ့သဘာဝက ထူးခြားပါတယ်။ သူတို့ဟာ တစ်သက်မှာတစ်ခါပဲ ဥချကြတာပါ။ ရေဘဝဲမိခင်တွေရဲ့ ထုံးစမ်းဟာ ကလေးတွေနဲ့ သူ့အတွက်အန္တရာယ်ကင်းမယ့် ကျောက်ဆောင်ကျောက်ကြားကောင်းကောင်းကိုရှာပြီး ဥချပြီးပြီဆိုတာနဲ့ ဘယ်မှမရွေ့ရှားတော့ပဲ သူ့ဥလေးတွေကိုသာ ရင်အုပ်မကွာစောင့်ရှောက်ကြတာဖြစ်ပါတယ်။
ရေဘဝဲတွေက တစ်ခါဥရင် ဥပေါင်း ၈၀,၀၀၀ လောက်ဥပြီး စပျစ်ခိုင်လိုအတွဲလိုက်ပုံစံမျိုးနဲ့ဥကြတာဖြစ်ပါတယ်။ ဒါပေမယ့် ထိုဥပေါင်းသောင်းကျော်ထဲက ၁ရာခိုင်နှုန်းလောက်သာ အကောင်ဖြစ်ခွင့်ရမှာဖြစ်ပြီး အရွယ်ရောက်အောင် ရှင်သန်ကြီးထွားလာဖို့လည်း အခွင့်ရေး အရမ်းနည်းပါးပါတယ်။
ဘာလို့လဲဆိုရင် ထိုရေဘဝဲဥလေးတွေကို ကျောက်ကြားထဲဝင်နိုင်တဲ့ ငါးသေးသေးလေးတွေနဲ့ planktivorous organisms လေးတွေက စားသုံးကြတာကြောင့် ခုလို အန္တရာယ်တွေကနေကင်းဝေးအောင် မိခင်ရေဘဝဲကပဲ ဘယ်မှမသွား၊ ဘယ်မှမရွေ့ပဲ ရင်အုပ်မကွာ စောင့်ရှောက်ပေးကြရတာဖြစ်ပါတယ်။
ဒါ့အပြင် ရေဘဝဲမိခင်ဟာ ဥလေးတွေအောက်ဆီဂျင်ဓာတ်ရအောင်ရယ်၊ ဘက်တီးရီးယားနဲ့ရေမှော်တွေကင်းအောင်ရယ် လုပ်ပေးရပါသေးတယ်။
ဒါ့ကြောင့် ယခုအခါမှာလည်း "Ghost" ဆိုတဲ့
ရေဘဝဲမလေးဟာ သူ့ကလေးသားလောင်းလေးတွေကို စောင့်ရှောက်ရင်း ဘယ်မှမသွား၊ ဘာမှမစားတာကြောင့် တဖြည်းဖြည်းနဲ့ thay-sone သွားရှာပါတော့တယ်။😓
ဒီလိုအစာလုံးဝမစားရတဲ့အချိန်ဟာ ၆ လကနေ ၁၀ လလောက်အထိ အမျိုးအစားပေါ်မူတည်ကာ ကြာမြင့်တတ်တာကြောင့် ရေဘဝဲမိခင်တွေအတွက် တစ်ကယ့်ကို ဝေဒနာခံစားရင်း ပေးဆပ်ရတဲ့ အချိန်လည်းဖြစ်ပါတယ်။
ဒီလိုနဲ့ ကလေးလေးတွေအကောင်ပေါက်လာတဲ့အချိန်မှာ ရေဘဝဲမိခင်က နောက်ဆုံးထွက်သက်နဲ့ ရေဘဝဲအကောင်ပေါက်လေးတွေကို ကျောက်ကြားကနေ အသာမှုတ်ထုတ်လိုက်တဲ့အခါမှာ ကလေးတွေဟာ မိခင်ရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုထားပြီး ရေစီးကြောင်းနဲ့အတူထွက်ခွာသွားကြပါတော့တယ်။
"Ghost" ဆိုတဲ့ ရေဘဝဲမလေးဟာ giant Pacific octopus အမျိုးအစားဖြစ်ပြီး သူဥချချိန်ရောက်လာတဲ့အခါမှာ ဝန်ထမ်းတွေက သူ့အတွက်ဆိတ်ငြိမ်အေးချမ်းတဲ့နေရာကို ရွှေ့ပေးထားခဲ့တယ်လို့ ဆိုပါတယ်။
ရေဘဝဲမလေး Ghost ဟာ Aquarium of the Pacific ကိုရောက်ကတည်းက လာလည်သူတွေက ချစ်ကြပြီး သူမရဲ့ ပရိသတ်တွေလည်း အများအပြား ရှိနေခဲ့ပါတယ်။
တစ်ချို့ fan တွေက သူမကို ချစ်လွန်းလို့ သူ့ပုံတက်တူးတောင် ထိုးကြတယ်လို့ ဆိုပါတယ်။
အခု ရေဘဝဲမလေး Ghost ဟာ ဥပေါင်းများစွာဥထားကာ အစာအငတ်ခံပြီး စောင့်ရှောက်မှာဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ သူ့ဥလေးတွေက သန္ဓေမအောင်ထားတဲ့အတွက် အကောင်ပေါက်လာမှာမဟုတ်ဘူးဆိုတာကိုတော့ သူမသိရှာပါဘူး။😢
အမျိုးသမီးတွေ၊ မိခင်တွေရဲ့ဘဝကလည်း ဘယ်မျိုးစိပ်မှာပဲ ဖြစ်ဖြစ် ပေးဆပ်အနစ်နာခံရတဲ့ ဘက်ကပါပဲ။ 😔

image