ဝက်စွယ်ကွင်းပိတ် (စ/ဆုံး)
~~~~~~~~~~~~~
စာရေးသူ=အဂ္ဂဇော်
အချိန်ကား ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ခန့်ဖြစ်သည်။ ကရင်ပြည်နယ် ဖာပွန်မြို့အရှေ့တောင်ဘက်အနီးတွင် ဘွာဒိုကျေးရွာတည်ရှိသည်။ ထိုကျေးရွာတစ်ဝိုက်ဒေသများမှာ တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောကြီးများဖြင့်အုပ်ဆိုင်းနေသည့်ဒေသဖြစ်သည်။
ကဲဒိုက ဘွာဒိုရွာနှင့်အတော်လှမ်းသည့် တောင်ကုန်းကလေးပေါ်တွင် နေထိုင်သည့်ဒေသခံမုဆိုးတစ်ယောက်ဖြစ်သည်။ ယခုလည်း ဘွာဒိုအနောက်ဘက် တောင်တန်းကြီးပေါ်ရှိ တောအုပ်ကြီးအတွင်းတွင် ပြေးလွှားနေလျှက်ရှိသည်။
လက်တစ်ဖက်က တစ်လုံးထိုး လက်လုပ်ရိုင်ဖယ်သေနတ်တစ်လက်ကိုကိုင်တွယ်ရင်း မြန်နိုင်သမျှ မြန်အောင်ပြေးနေမိသည်။ သူပြေးနေရသည်ကလဲ အကြောင်းရှိသည်။ သူ့အရှေ့တွင် တောဝက်များခပ်သွက်သွက်ပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ဖြစ်သည်။ တောဝက်များမှာ အနံ့ခံကောင်းသော်လည်း သူက ခပ်ခွာခွာမှပြေးလိုက်နေသည်မို့ သူ့အားရိပ်မိပုံမရပေ။ တောဝက်များကို ဝက်တောင်းကြီးတစ်ကောင်က ဦးဆောင်နေသည်ကိုတွေ့ရသည်။ ထိုဝက်တောင်းကြီးနောက်မှ အခြားဝက်ထီးများနှင့် ဝက်မများက ပြေးလိုက်နေကြသလို ဝက်သားပေါက်ငယ်ကလေးများမှာတော့ အုပ်စုအနောက်ပိုင်းမှ ခပ်သွက်သွက်ပြေးလိုက်နေကြသည်။
ဝက်အုပ်က သူတို့သွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်ငယ်များ၊ ချုံနွယ်ပင်များကို တဖြောင်းဖြောင်းနှင့် တိုက်ခတ်သွားကြရာ အနောက်က ကဲဒိုပြေးလိုက်နေသည့် အသံများကိုပင် မကြားနိုင်ကြပေ။ နောက်ဆုံးတော့ ဝက်အုပ်က ရပ်တန့်လိုက်သည်။ အလွန်ကြီးမားသည့် ဝါးရုံကြီးတစ်ခုအနီးတွင် ရပ်တန့်လိုက်ပြီး အကြီးအကဲဝက်နှင့် ဝက်ထီးများက ဝါးရုံကိုလှည့်ပတ်ကြည့်ကြသည်။ ထို့နောက် သူတို့၏ခြေထောက်များဖြင့် ဝါးရုံဘေးနားရှိမြေပြင်ကို ကုတ်ဖဲ့ကာ ခွာရာပေးကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ သူတို့စားကျက်ကို မှတ်သားသည့်သဘောဖြစ်သည်။ ထို့နောက် ဝက်ထီးများက တစီစီနှင့်အော်ဟစ်လိုက်ရာ ဝက်မများနှင့် ဝက်ကလေးများက ဝါးရုံကြီးမှထွက်နေသည့် မျှစ်စို့ကြီးများ နှင့် ဝါးပင်ငယ်များကို ချိုးဖဲ့စားသောက်ကြသည်။
ကဲဒိုအလွန်ပျော်ရွှင်သွားမိသည်။ ယနေ့တော့ ဝက်ထမ်းပြီးပြန်မည်ဟု ဆုံးဖြတ်လိုက်ကာ ထိုဝါးရုံအား အကွက်အကွင်းကောင်းကောင်းမြင်တွေ့နိုင်သည့် တောင်စောင်းပေါ်သို့ အသာကလေး တွားသွားကာ တက်ခဲ့သည်။ မြက်ပင်၊ ပိန်းပင်များကို အကာအကွယ်ယူလျှက် တောင်စောင်းကလေးပေါ်သို့တက်လာခဲ့သည်။ တောင်စောင်းပေါ်ရောက်သည့်အခါ အောက်ဘက်ဝါးရုံတွင် အစာစားသောက်နေသည့် တောဝက်များကိုအတိုင်းသားမြင်နေရသည်။
"ဟန်ကျပြီဟေ့၊ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူးကွာ၊ ငါဒီလိုမှန်းသိရင် ငါ့ယောက်ဖကို အဖော်ခေါ်လာခဲ့ပါတယ်"
ကဲဒိုက စိတ်ထဲမှတွေးပြီး သေနတ်ကို တောဝက်အုပ်ဆီသို့ သေချာထိုးချိန်လိုက်သည်။
(၂)
သူ့သေနတ်မှာ လုပ်သေနတ်ဖြစ်သော်လည်း ခေတ်မီသည့်သေနတ်တစ်လက်ဟုဆိုရမည်ဖြစ်သည်။ ထိုဒေသတွင် လက်နက်ကိုင်များပေါ်များသလို သေနတ်များ၊ ကျည်များမှာလည်း ပေါများသည်။ အထူးသဖြင့် သူတို့ကိုင်ဆောင်သည့် လုပ်သေနတ်များမှာ အထူးပေါများသည်။ သူကိုင်သည့်သေနတ်မှာ တစ်လုံးထိုး ဘို့အက်ရှင် ရိုင်ဖယ်သေနတ်ဖြစ်ပြီး မှန်ပြောင်းကလေးတစ်ခုတပ်ဆင်ထားလေရာ အနီးကပ်ချိန်ရွယ်ရန်အတွက် အလွန်အဆင်ပြေလှသည်။
သေနတ်ကျည်အိမ်အတွင်း ကျည်ဆန်တစ်တောင့်ထည့်ပြီးသားဖြစ်သည်မို့ သေနတ်မောင်းကိုအသာဆွဲတင်လိုက်သည်။ အမဲဆီများဖြင့်ချောမွေ့နေအောင်ပွတ်ထားသည်မို့ သေနတ်amမာင်းတက်သွားသော်လည်း အသံမထွက်ဘဲတိတ်ဆိတ်နေသည်။ ထို့နောက် တောဝက်အုပ်ကိုသေနတ်ဖြင့်ထိုးချိန်လိုက်ပြီး သေနတ်အပေါ်တွင်တပ်ထားသည့် မှန်ပြောင်းကလေးမှတဆင့် မိမိပစ်မည့်သားကောင်ကို သေသေချာချာ ရွေးချယ်လိုက်သည်။
တောဝက်အုပ်က မျှစ်များ၊ ဝါးများကို ချိုးဖဲ့နေသဖြင့် တဖြောင်းဖြောင်းအသံမြည်ကာ ဆူညံနေသည်။ ကဲဒိုက ပစ်ခတ်မည့်အကောင်ကို အသေအချာချိန်ရွယ်ရင်း လိုက်ရှာရာ နောက်ဆုံးတွင် ဝက်တောင်းကြီးတစ်ကကောင်ကို အသေအချာချိန်လိုက်သည်။
"ဟာ၊ ဝက်စွယ်ကွင်းပိတ်ကြီးပါလား"
ကဲဒိုရေရွတ်လိုက်မိသည်။ ဝက်တောင်းကြီး၏ နှာခေါင်းအောက်မှ တိုးထွက်နေသည့်ဝက်စွယ်ကြီးမှာ ကော့လန်နေပြီး အစွယ်ထိပ်ဖျားမှာ တစ်ဖန်ပြန်လည်ပြီး ပါးစပ်အောက်သို့တိုးဝင်သွားရာ ကြည့်လိုက်လျှင် ဝက်စွယ်ကောက်မှာ ဝလုံးပုံစံဖြစ်နေသည်။ ထိုသို့ဝက်စွယ်မျိုးကို ဝက်စွယ်ကွင်းပိတ်ဟုခေါ်တတ်ပြီး ဝက်စွယ်ချည်းပင် ဈေးကောင်းအလွန်ရတတ်သည်။
ကဲဒိုလည်းပျော်ရွှင်သွားပြီး ထိုဝက်ကြီး၏ လက်ပြင်နေရာကိုချိန်ရွယ်လိုက်သည်။ ဦးခေါင်းကိုပစ်ခတ်ချင်သော်လည်း ဝက်စွယ်ပဲ့သွားမည်စိုးသဖြင့် နှလုံးနေရာကိုထိုးချိန်လိုက်ခြင်းဖြစ်သည်။ ပစ်ကွင်းကောင်းကောင်းရထားသဖြင့် ကဲဒိုက တစ်ချက်ပြုံးလိုက်ပြီး သေနတ်ခလုပ်မောင်းကို ညှစ်ချလိုက်သည်။
"ချောက်"
ကျည်ပွင့်မထွက်ဘဲ ကျည်ရိုက်တံက ကျည်အိမ်၏ဖင်ကို အရှိန်ဖြင့်သွားရိုက်သံကိုသာ ကြားလိုက်ရသည်။ ကဲဒိုလည်း ထူးဆန်းသွားပြီး နောက်တစ်ချက်မောင်းတင်လိုက်ကာ ပြန်လည်ချိန်ရွယ်လျှက် ဒုတိယအကြိမ်ပစ်ခတ်လိုက်သည်။
"ချောက်"
သေနတ်မှာ ကျည်မထွက်ပေ။ ကဲဒိုလည်း စိတ်တိုသွားမိသည်။
"ဖိုးထီးကျည်ဆံတွေက မီးမကူးတာများလား"
စိတ်ထဲတွေးလိုက်ပြီး သေနတ်မောင်းကိုဆွဲလိုက်ကာ ကျည်အိမ်အတွင်းမှကျည်ဆံကိုထုတ်လိုက်သည်။ ထို့နောက် ခါးတွင်ပတ်ထားသည့် ခါးပတ်အိတ်ထဲမှ ကျည်ဆန်တစ်ခုကိုထုတ်ယူလိုက်ကာ ကျည်အိမ်အတွင်းသို့ထည့်ပြီး မောင်းပြန်တင်လိုက်သည်။
"ချောက်"
ဘယ်နှကြိမ် ကြိုးစားကြိုးစား သေနတ်က ကျည်မထွက်ပေ။ ဝက်များက သူတို့ဖာသာဆူညံနေသဖြင့် သူ့သေနတ်မောင်းဖြုတ်သံကို မကြားသောကြောင့်သာ တော်သေးသည်။
"တောက် ဘာဖြစ်တာလဲကွာ၊ သေနတ်ကဖြစ်တာလား၊ ကျည်ကဖြစ်တာလား"
ခဏကြာသည့်အခါ တောဝက်အုပ်မှာ တောအသွင်းသို့ ပြန်လည်ပြေးဝင်သွားသည်။ ကဲဒိုလည်း စိတ်ဆိုးပြီး ဆက်မလိုက်တော့ပေ။ ကျည်ဆန်ထည့်ပြီး မောင်းတင်ထားသည့်သေနတ်အား စိတ်ပေါက်ပေါက်ဖြင့် မိုးပေါ်သို့ထောင်ဖောက်လိုက်သည်Linkကိုပြီးဆက်ဖတ်ပါ👇👇
https://book.mmyougo.website/?go=e3b8d192
Linkကိုနှိပ်ပြီးအစအဆုံးဖတ်လို့ရပါတယ်နော်👆👆👆

image