စည်းမျဉ်းချိုးဖောက်မှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအား ၃-၀ ဂိုးဖြင့် အရှုံးပေးခဲ့ရကာ ထိုးနှက်ချက် ကြုံလာရတဲ့ တောင်အာဖရိက

စက်တင်ဘာ ၃၀

တောင်အာဖရိကဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲတွင် အသုံးပြုခွင့် မရှိတဲ့ ကစားသမားတစ်ဦးကို အသုံးပြုမှုအတွက် ရမှတ် ၃ မှတ်အလျှော့ခံလာရပါတယ်။

ယင်းရလဒ်သုံးမှတ်လျှော့ချခြင်းခံလာရမှုနှင့်အတူ ဟူဂိုဘရော့စ်ကိုင်တွယ်နေတဲ့ တောင်အာဖရိကဟာ အုပ်စုတွင် ဒုတိယနေရာသို့ ရောက်လာခဲ့ပါတယ်။

တောင်အာဖရိကဟာ မတ်လတုန်းက လီဆိုသိုအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အလယ်တန်းကစားသမားတီဘိုဟိုမိုကီနာအား အသုံးပြုခဲ့ပါတယ်။

တောင်အာဖရိကဟာ ဒုတိယအဝါကတ်ပြသခြင်းခံထားရတဲ့ မိုကီနာအား ပွဲပယ်ခံထားရချိန်တွင် မှားယွင်း အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ ဖီဖာက ယင်းပွဲကို လီဆိုသလိုအား ၃-၀ ဂိုးဖြင့် အနိုင်ပေးလိုက်ပြီ ဖြစ်ပါတယ်။

တောင်အာဖရိကဟာ သုံးမှတ်လျှော့ချခံရမှုကြောင့် ဘီနန်နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာသို့ ဆင်းပေးလိုက်ရပါတယ်။ ၎င်းတို့ဟာ တတိယနေရာမှ နိုင်ဂျီးရီးယာအား ၃ မှတ်ဖြတ်ထားပါတယ်။

Credit - Playmaker Journal

#ဘောလုံးသတင်းစုံ

image
image
image